DVB Logo
Home
မြန်မာသတင်း
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အိန္ဒိယသမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
DVB
·
January 28, 2018
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အိန္ဒိယသမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
1 / 4
Donate to DVB

 

အိန္ဒိယ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့က တွေ့ဆုံပြီး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ အိန္ဒိယက ပါဝင်ကူညီရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

နယူးဒေလီမြို့ရှိ သမ္မတအိမ်တော် (Rashtrapati Bhavan) မှာ အိန္ဒိယသမ္မတ မစ္စတာ ရမ် နက်သ် ကိုဗင့်ဒ်ကို ဒေါ်အောင်ဆန်းစုကြည်  သွားရောက် တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး။ လမ်းပန်းဆက်သွယ်မှု အခြေခံအဆောက်အအုံ စီမံကိန်းတွေ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက ပါဝင်ကူညီရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုလုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပြီး အိန္ဒိယသမ္မတကို မြန်မာနိုင်ငံ လာရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့  မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယူးဒေလီမြို့မှာ ဇန်နဝါရီ ၂၅-၂၆ ရက်တွေ ကျင်းပခဲ့တဲ့ အာဆီယံ-အိန္ဒိယ ဆွေးနွေးဘက် ဆက်ဆံရေး ၂၅ နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနဲ့ အိန္ဒိယနိုင်ငံရဲ့ ၆၉ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပြီး မနေ့ညနေပိုင်းက နေပြည်တော်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013