DVB Logo
Home
မြန်မာသတင်း
အထက်မင်းလှ မလွန်တံတားပေါ် ယာဉ်တိုက်မှုဖြစ်၊ ၁ ဦးသေဆုံး ၂၀ ဒဏ်ရာရ
DVB
·
January 28, 2018
အထက်မင်းလှ မလွန်တံတားပေါ် ယာဉ်တိုက်မှုဖြစ်၊ ၁ ဦးသေဆုံး ၂၀ ဒဏ်ရာရ
Donate to DVB

 

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ရဲ တောင်ဘက်  ဧရာဝတီတံတား (မလွန်)ပေါ်မှာ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်က စက်ပျက်လို့ ရပ်ထားတဲ့ သုံးဘီးယာဉ်နောက်ကျောကို ကြက်စာတင် ၁၂ ဘီးယာဉ်က ဝင်ရောက်တိုက်မိခဲ့တဲ့အတွက် ၁ ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ မင်းလှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးက ပြောပါတယ်။

ကျောက်ထုအလုပ်သမားတွေ တင်ဆောင်ပြီး အောင်ကိုဝင်း မောင်းနှင်လာတဲ့ အပြာရောင် သုံးဘီးယာဉ်ဟာ ဧရာဝတီတံတားပေါ်အရောက်မှာ စက်ချို့ယွင်းတာကြောင့် ရပ်တန့်ပြီး ပြင်ဆင်နေစဉ် ဝါဝင်း မောင်းနှင်လာတဲ့ ကြက်စာတင် ၁၂ ဘီးယာဉ်က  နောက်ကနေ ဝင်ရောက်တိုက်မိခဲ့တာပါ။

မင်းလှမြို့မ ရဲစခန်းမှ ဒုရဲအုပ် မျိုးသန့်ဇင်က “သုံးဘီးပေါ်ပါလာတဲ့ လူ ၁၈ ဦးနဲ့ သုံးဘီးနောက်က ဆိုင်ကယ်နဲ့ လိုက်လာတဲ့လူ ၄ ယောက်ထဲမှာ ဝင်းကိုဆိုတဲ့ ၁ ယောက်က လွတ်လွတ်ကျွတ်ကျွတ် ဘေးကင်းသွားပါတယ်။ တယောက်ကတော့ နေရာမှာ သေဆုံးသွားတဲ့အပြင် ကျန်ဒဏ်ရာရရှိသူ ဦးရေ ၂၀ ကို မကွေးမြို့ ပြည်သူ့ဆေးရုံကြီးကို လွှဲလိုက်ပါတယ်”လို့ ပြောပါတယ်။

သေဆုံးသူဟာ မိချောင်းရဲကျေးရွာ မြို့ပတ်လမ်းနေသူ ကျောက်ထုလုပ်သား ကျော်သက်နိုင်ဖြစ်တယ်လို့ မင်းလှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်အောင်လင်းက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်း ဝါဝင်းကို အမှတ်ယာဉ်(ပ)၃/၂၀၁၈ ယဉ်မဆင်မခြင် မောင်းနှင်ပြီး လူသေဆုံးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ နဲ့ မင်းလှမြို့မ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရှိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013