DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် အကြမ်းဖက်သမားလို့ယူဆရသူ ၃ ဦး ခိုးဝင်၊ ၁ ဦး အသေဖမ်းမိ
DVB
·
January 28, 2018
မောင်တောတွင် အကြမ်းဖက်သမားလို့ယူဆရသူ ၃ ဦး ခိုးဝင်၊ ၁ ဦး အသေဖမ်းမိ
Donate to DVB

 

မြန်မာဘက်ကို ခိုးဝင်လာတဲ့ အကြမ်းဖက်သမားလို့ ယူဆရတဲ့ ဘဂါင်္လီ ၃ ဦးကို ပစ်ခတ်ဖမ်းဆီးရာမှ ၁ ဦး အသေဖမ်းမိခဲ့တယ်လို့ ရဲမှူး ၀င်းကျော်က ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့ ည ၈ နာရီခွဲလောက်က ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ်(၁) ဝင်/ထွက်စခန်း (POE) နဲ့ မောင်နီရွာ ကင်းစခန်းကြားမှာရှိတဲ့ ခြံစည်းရိုးတလျှောက်မှာ ကင်းစခန်း တာဝန်ရှိသူတွေ လှည့်ကင်းဆောင်ရွက်နေတဲ့အချိန်မှာ အနောက်မြောက်ဘက်မှာ မသင်္ကာဖွယ် လူ ၃ ဦး တွေ့တဲ့အတွက် ဓာတ်မီးထိုးကြည့်ရာ နယ်စပ်ခြံစည်းရိုးဖောက်ကာ ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ၁ ဦး အသေနဲ့ ၂ ဦးက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ပြောပါတယ်။

"ကျနော်တို့က ခြံစည်းရိုးတလျှောက်ကင်းလှည့်စဉ် သူတို့ ၃ ဦးက ခိုးဝင်လာတော့ ဖမ်းမိဖို့ကြိုးစားခဲ့တယ်။ ပြီးတော့ ပစ်ခတ်ပြီး ၁ ဦးအသေ ဖမ်းမိထားပါတယ်။ အခု မောင်တောဆေးရုံကို ပို့ထားပါတယ်။ ဘယ်သူဆိုတာ အခုထိအတည်မပြုနိုင်သေးပါဘူး။ မောင်နီရွာကျေးရွာ အုပ်ချုပ်ရေးမှူးကို စုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးထားပါတယ်။ အကြမ်းဖက်ဖို့ ခိုးဝင်လာတာတော သေချာပါတယ်” လို့ ရဲမှူး ၀င်းကျော်က ပြောပါတယ်။

အလောင်းနဲ့အတူ ၂၀ လက်မအရွယ် သံပုဆိန် ၁ လက်၊ သံရိုက် ဆိတ်ချို ၁ လက်၊ အရိုးအသွား ၉ လက်မခန့်ရှိ ဓားဦးချွန် ၁ လက်၊ အရိုးပြုတ် ဆောက် ၁ လက်၊ ၁၀ လက်မအရွယ် ဝက်အူလှည့် ၁ ချောင်း၊ ဆေးထိုးအပ်အသေး ၁ ချောင်း၊ တရုတ်လုပ် ဓာတ်မီး ၁ လက်၊ အရိုးအသွား ၁၃ လက်မအရွယ် ဓားမြှောင် ၁ ချောင်း နဲ့ သံပတ္တာ ၁ ခု ရှာဖွေဖမ်းဆီးရမိတယ်လို့  အတည်ပြုပြောကြားခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013