DVB Logo
Home
မြန်မာသတင်း
ကျေးရွာချင်းဆက်လမ်း ပိတ်ထားမှုကြောင့် ပြွန်တန်ဆာမြို့ ဒေသခံများ အခက်တွေ့
DVB
·
January 28, 2018
ကျေးရွာချင်းဆက်လမ်း ပိတ်ထားမှုကြောင့် ပြွန်တန်ဆာမြို့ ဒေသခံများ အခက်တွေ့
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ မြို့မ (၄) ရပ်ကွက်၊ ကျောင်းစု ၂ လမ်းနဲ့ ချောင်းရင်းကျေးရွာကို ဆက်သွယ်ထားတဲ့လမ်းကို လမ်းကော်မတီတွေက ပိတ်ထားတာကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲဖြစ်နေကြပါတယ်။

ပြွန်တန်ဆာမြို့ မြို့မ (၄) ရပ်ကွက် စံဒွန်းကုန်းတံတား ထိပ်ကနေ ချောင်းရင်းရွာကို ဆက်သွယ်ထားတဲ့ လမ်းဟာ အရှည် ၂ မိုင်းနီးပါးရှိပြီး ဇန်နဝါရီ ၆ ရက်က မြို့နယ်စည်ပင်သာယာက အရှည် ၆၆၀ ပေ အကျယ် ၁၀ ပေရှိ ဂဝံအမျိုးစားလမ်းကို လာရောက်ခင်းပေးခဲ့ပါတယ်။

မြို့နယ်စည်ပင်သာယာက လာရောက်ခင်းပေးခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်နေ့ကစပြီး အဲဒီရပ်ကွက်မှာရှိတဲ့ လမ်းကော်မတီအဖွဲ့က ကျေးရွာချင်းဆက်လမ်းရှိ မီးရထားသံလမ်း ဖြတ်ကူးတဲ့နေရာမှာ သံဘောင်နဲ့ သော့ခတ်ပိတ်ထားခဲ့တာပါ။

အဲဒီဒေသဟာ ဆောင်းသီးနှံကို အဓိကထားစိုက်ပျိုးကြတာဖြစ်ပြီး တောင်သူတွေအနေနဲ့ ရာသီပေါ်ထွက်တဲ့ ဖရဲ၊ ဂေါ်ဖီ စတဲ့သီးနှံကုန်စိမ်းတွေကို သယ်ဆောင်တဲ့နေရာမှာ လမ်းပိတ်ထားမှုကြောင့် ယာဉ်တချို့ထွက်လို့မရဘဲ စီပွားရေးမှာပါ ထိခိုက်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

ဒီလမ်းပိတ်ထားတော့ ရေသန့်ကား ဝင်မရလို့ ရေသန့်ဘူးတောင် ၀ယ်သောက်လို့မရဘူး။ ဒီလမ်းကနေ ဘိုင်းဒါကိုသွားရင် မိနစ် ၂၀ ပဲကြားတယ်။ ခုလိုပိတ်ထားတာတော့ တခြားလမ်းက သွားနေရတာတယ်။ ခုဆို ဘိုင်ဒါးကို ရာသီထွက်ကုန်ပို့တဲ့နေရာမှာ ၂ နာရီလောက် ခရီးပိုမောင်းနေရတယ်လို့ ပြောပါတယ်။

အခုခင်းထားတဲ့လမ်းဟာ သင်္ချိုင်းကုန်း လမ်းဖြစ်ပြီး တချိန်ကဒီလမ်းက မြေသားလမ်းဖြစ်ခဲ့တာကြောင့် လမ်းကော်မတီအနေနဲ့ အလှူခံရငွေနဲ့ ၅၂ သိန်း အကုန်ကျခံပြီး လွန်ခဲ့တဲ့ ၂ နှစ်က ဂဝံလမ်းကြမ်းခင်းခဲ့တယ်လို့ လမ်းကော်မတီဘက်က ပြောပါတယ်။

ဒီနှစ်မှာ အစိုးရက ဂဝံလမ်းချော လာရောက်ခင်းပေးခဲ့တာကြောင့် လမ်းမပျက်စီးဖို့ရာအတွက် ၀န်တင်ကားတွေ ဝင်လို့မရအောင် ယာယီပိတ်ထားရတယ်ဖြစ်တယ် လို့ လမ်းကော်မတီ ဦးခင်မောင်သိန်းက ဆိုပါတယ်။

“တိုင်တဲ့နေရာမှာ ဆက်သွယ်ရေး လမ်းမဟုတ်ဘဲ သင်္ချိုင်းကုန်းလမ်းပေါ်မှာ မိမိကိုယ်ကျိုးအတွက် စီးပွားရှာနေတဲ့ ဝန်တင်ကားတွေ တင်နေတဲ့လူတွေက တိုင်ကြတယ်။ အများပြည်သူကတိုင်တာ မဟုတ်ဘူး” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ညောင်လေးပင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဒေသခံတွေဘက်က တိုင်ကြားထားပေမယ့်လည်း တစုံတရာ လာရောက်ညှိနှိုင်းဖြေရှင်း ပေးတာမျိုး မရှိဘူးလို့ ပြောဆိုနေကြပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013