DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတ တွေ့ဆုံ
DVB
·
January 27, 2018
ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတ တွေ့ဆုံ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယသမ္မတ ရမ်နသ်ကိုဗင်းကို နိုင်ငံတော်ဧည့်ရိပ်သာ ရာ့ရှိထရာပတိ ဘာဗာန်မှာ ဒီနေ့ တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ သမ္မတနိုင်ငံရဲ့ ၆၉ နှစ်မြောက် နိုင်ငံတော်နေ့ အခမ်းအနားကို အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့အတူ တက်ရောက်ခဲ့ပြီး နောက်တနေ့မှာ အိန္ဒိယသမ္မတနဲ့ တွေ့ဆုံခဲ့တာပါ။

ဒါဟာ ရာ့ဂ်ျဂတ် ဗိမာန်မှာကျင်းပတဲ့ သမ္မတနိုင်ငံနေ့  ချီတက်အခမ်းအနားကို အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်တွေကို အထူးဧည့်သည်တော်တွေအနေနဲ့ ပါဝင်တဲ့ ပထမဆုံးအကြိမ် အခမ်းအနားလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို၊ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ လာအိုဝန်ကြီးချုပ် သုန်လွန်ဆီဆိုလစ်သ်၊ ဗီယက်နမ်ဝန်ကြီးချုပ် ငွင်ရွှမ်ဖု၊ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချာ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘရူနိုင်းက စူလတန်ဘုရင် ဟာဂျီ ဟက်ဆနလ် ဘိုလ်ကီယား တို့ တက်ရောက်ကြပါတယ်။

ချီတက်အခမ်းအနားပြီးတဲ့နောက် သောကြာနေ့ ညနေမှာတော့ အာဆီယံခေါင်းဆောင်တွေကို သမ္မတ ကိုဗင်းက အိမ်တော် ဧည့်ခံပွဲ ကျင်းပခဲ့ပါတယ်။

ကြာသပတေးနေ့မှာ ဧည့်ခံခဲ့တဲ့ ဂုဏ်ပြုနေ့လယ်စာစားပွဲမှာ အာဆီယံဒေသတွင်းအဖွဲ့ဟာ ဒေသတွင်းမှာ ငြိမ်းချမ်းခြင်းနဲ့ ပြည့်စုံကြွယ်ဝခြင်းတွေအတွက် ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း ပြောဆိုသွားပါတယ်။

ကြာသပတေးနေ့ ညနေပိုင်းမှာတော့ အိန္ဒိယ-အာဆီယံ ဆွေးနွေးပွဲ မိတ်ဘက်ဖြစ်ခြင်း  ၂၅ နှစ်မြောက်အထိမ်းအမှတ် ထိပ်သီးစည်းဝေးပွဲကိုလည်း ကျင်းပသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013