DVB Logo
Home
မြန်မာသတင်း
ထန်းတပင်​တွင် ၀ါယာရှော့ခ်ကြောင့် ဆိုင်ခန်း ၁၁ ခန်း မီးလောင်
DVB
·
January 27, 2018
ထန်းတပင်​တွင် ၀ါယာရှော့ခ်ကြောင့် ဆိုင်ခန်း ၁၁ ခန်း မီးလောင်
Donate to DVB

ပဲခူးတိုင်း​ဒေသကြီး၊​ တောင်​ငူခရိုင်​၊ ထန်းတပင်​မြို့၊ ​အောင်​သုခရပ်​ကွက်​၊ ထန်းတပင်​-တ​ပြေးကားလမ်းမ​ဘေးက ​ဒေါ်ချိုချိုမြင့်​ရဲ့ ကုန်​စုံဆိုင်​မှာ မီးပလပ်​ခုံဝါယာ​ရှော့ခ်ဖြစ်​ မီးလောင်ရာမှ အနီးရှိဆိုင်​ခန်း ၁၁ ခန်း မီး​လောင်​ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

မီး​လောင်​ရာ​နေရာကို​ တောင်​ငူမြို့နယ်​၊ ထန်းတပင်​နဲ့ အုတ်​တွင်း​မြို့နယ်​​တို့က မီးသတ်​ယာဉ် ၆ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်​ခဲ့ရာ မနက်​ ၁ နာရီ ၂၀ မိနစ်​မှာ မီးငြှိမ်းသတ်​နိုင်​ခဲ့ပြီး မီး​လောင်​ကျွမ်းခဲ့မှုကြောင့် ဆိုင်​ခန်း ၁၁ ခန်း၊ တန်​ဖိုး ၅ သိန်းခွဲလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ထန်းတပင်မြို့မ ရဲစခန်းက မီးပေါ့ဆမှုကြောင့် ဆိုင်ခန်းပိုင်ရှင်ကို အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သားကြီး(​တောင်​ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013