DVB Logo
Home
မြန်မာသတင်း
မထူးခြားသည့် တရားစီရင်ရေးအပေါ် ကျေနပ်မှုမရှိဟု အသနားခံစာများစိစစ်ရေးကော်မတီပြော
DVB
·
January 27, 2018
မထူးခြားသည့် တရားစီရင်ရေးအပေါ် ကျေနပ်မှုမရှိဟု အသနားခံစာများစိစစ်ရေးကော်မတီပြော
Donate to DVB

လွှတ်တော်ကော်မတီက ကွင်းဆင်းလေ့လာပြီး ပြောင်းလဲဖို့ပြောခဲ့ပေမယ့် မထူးခြားတဲ့ တရားစီရင်ရေး အခြေအနေအတွေအပေါ် ကျေနပ်မှုမရှိဘူးလို့ ရန်ကုန်တိုင်း လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

ကော်မတီဟာ တရားစီရင်ရေးတွေ ပြန်လည်တည့်မတ်လာဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၇ နှစ်အတွင်းမှာ ရန်ကုန်တိုင်းထဲက မြို့နယ်ပေါင်း ၄၀ ကျော်ကို ကွင်းဆင်းပြီး လေ့လာဆောင်ရွက်ခဲ့ပါတယ်။

မြို့နယ်အဆင့်ရှိ တရားရုံးနဲ့ ဥပဒေရုံးတွေ၊ ရဲစခန်းနဲ့ အချုပ်ခန်းတွေကို ကွင်းဆင်းလေ့လာပြီး ရရှိလာတဲ့ အချက်အလက်တွေကို လွှတ်တော်ဥက္ကဋ္ဌကနေတဆင့် အစိုးရဆီကို တင်ပြခဲ့ပါတယ်။

တရားစီရင်ရေး အခြေအနေတွေကို ပြည်သူတွေ မကျေနပ်၊ အားမရသလို သူတို့ ကော်မတီ အနေနဲ့လည်း ကျေနပ်မှုရှိဘူးလို့ ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် အခု လွှတ်တော် ဒုတိယနှစ်မှာ ခရိုင်အဆင့်၊ တိုင်းအဆင့်ရှိတဲ့ တရားသူကြီးတွေ၊ ဥပဒေ အရာရှိတွေနဲ့ ညှိနှိုင်းပြီး တရားစီရင်ရေးတွေကို ပိုပြီးတိုးတက်လာအောင်၊ ကြန့်ကြာနေတဲ့ အမှုတွေ မြန်မြန်ပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်သွားဖို့ ဆွေးနွေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက်ကတော့ ရန်ကုန်တိုင်းတရားလွှတ်တော်နဲ့ တိုင်းဥပဒေချုပ်ရုံးတို့ကို ကွင်းဆင်း လေ့လာပြီး ရန်ကုန်တိုင်းတရားသူကြီးချုပ် ဦးဝင်းဆွေနဲ့လည်း ညှိနှိုင်းဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ကော်မတီကို တိုင်ကြားလာတဲ့ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက်ကိုလည်း ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးနဲ့ တိုင်းဥပဒေချုပ်ရုံးတို့က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အောင်မြင်အောင် ဆောင်ရွက်ကြဖို့
ဆွေးနွေးနိုင်ခဲ့တယ်လို့ ကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောပါတယ်။

အခု ခရိုင်အဆင့်၊ တိုင်းအဆင့် တရားရုံးတွေနဲ့ ဥပဒေရုံးတွေကို လေ့လာပြီး တွေ့ရှိချက်တွေကိုလည်း ကော်မတီရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ထည့်သွင်းပြီး အစိုးရအဖွဲ့ဆီကို တင်ပြသွားဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013