DVB Logo
Home
မြန်မာသတင်း
ပထမဆုံးအကြိမ် ကလေး​ကျောက်ကပ် အစားထိုးခွဲစိတ်မှု ဦးဖြိုးမင်းသိန်း ကြည့်ရှုအားပေး
DVB
·
January 27, 2018
ပထမဆုံးအကြိမ် ကလေး​ကျောက်ကပ် အစားထိုးခွဲစိတ်မှု ဦးဖြိုးမင်းသိန်း ကြည့်ရှုအားပေး
Donate to DVB

ရန်ကုန်ကလေးဆေးရုံကြီးမှာ နာတာရှည်ကျောက်ကပ်ကလေးလူနာ နှစ်ဦးကို စင်ကာပူ ကလေးခွဲစိတ်ဌာန အမျိုးသားတက္ကသိုလ်ဆေးရုံ နဲ့ ရန်ကုန် ကလေးဆေးရုံကြီး ကျောက်ကပ် အသင်းတို့ ပူးပေါင်းပြီး ဒီနေ့မနက်ပိုင်းက ကျောက်ကပ်အစားထိုးခွဲစိတ်တဲ့ အခမ်းအနားကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်လေ့လာကြည့်ရှုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးကျောက်ကပ်အစား ထိုးခွဲစိတ်ကုသမှုကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးမြို့ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီးမှာ စတင်လုပ်ဆောင်ခဲ့ပြီး အခုခွဲစိတ်မှုဟာ ရန်ကုန် ကလေးဆေးရုံကြီးရဲ့ ပထမဦးဆုံးအကြိမ် ကလေးကျောက်ကပ် အစားထိုးခွဲစိတ်မှုဖြစ်ကြောင်း သိရပါတယ်။

ကျောက်ကပ်အစားထိုး ကုသမှုမှာ ကျောက်ကပ်လက်ခံရမယ့် လူနာမှာ အသက် ၁၀ နှစ်ရှိ မိန်းကလေးဖြစ်ပြီး အသက် ၂၃ နှစ် ရှိ သူ့ရဲ့အစ်ကိုအရင်းက ကျောက်ကပ်ပြန်လည် လှူဒါန်းခြင်းဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုကို ဒီနေ့မနက် ၉ နာရီခွဲက စတင်ခဲ့တာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်ဆေးရုံက ပါမောက္ခ ဒေါက်တာ Prabhakaran Krishman ဦးဆောင် တဲ့ ခွဲစိတ်ကုသမှုအဖွဲ့နဲ့ ရန်ကုန်ကလေးဆေးရုံကြီး ကလေးခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာအေးအေး၊ ရန်ကုန်ကုတင်(၅၀၀)အထူးကုဆေးရုံကြီး၊ ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာကျော်စွာလှိုင်၊ ဆေးတက္ကသိုလ် (၁)မေ့ဆေးပညာဌာန အတိုင်ပင်ခံပါမောက္ခ ဒေါက်တာကြည်ကြည်စန်း၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာမူမူနိုင်၊ ရန်ကုန်ကလေးဆေးရုံကြီး တာဝန်ခံမေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြစိုး၊ ရန်ကုန်ကလေးဆေးရုံကြီးမှ သူနာပြုဆရာမကြီး တင်းယင်းမာနဲ့အဖွဲ့တို့ ဦးဆောင်တဲ့ ခွဲစိတ်ကုသမှုအဖွဲ့က တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013