DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေ
DVB
·
January 27, 2018
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင် ၃၅၆/၇ အနီးမှာ ဇန်န၀ါရီ ၂၆ ရက် ညနေပိုင်းက ဈေးရောင်းပြန်လာတဲ့ ဆိုင်ကယ်နဲ့ မုန်ပို့တဲ့ ၆ ဘီးကား တိုက်မိပြီး အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ဆိုင်ကယ်နဲ့ကား နှစ်စီးလုံးက လားရာတူမောင်းနှင်လာပြီး အသက် ၄၈ နှစ်ရှိ ဒေါ်မြအေးက ဈေးရောင်းပြန်လာပြီး လိန်ပင်ရွာလမ်းခွဲဘက် ဆိုင်ကယ်အကွေ့မှာ နောက်ကကပ်ရက်ပါလာတဲ့ သက်ဦးခိုင် မောင်းနှင်လာတဲ့ မုန့်ပို့တဲ့ ၆ ဘီးကား အရှိန်လွန်ပြီး ဖြတ်တိုက်မိလို့ ဒေါ်မြအေး နေရာတင်သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းတာဝန်ကျရဲအရာရှိက ပြောပါတယ်။

မြို့မရဲစခန်း ဒုရဲအုပ်သိန်းဇော်သန်းက “ဆိုင်ကယ်ရဲ့ အလယ်ပိုင်းခါးနေရာကို တိုက်ပြီး ရှေ့ဘီးကိုကြိတ်မိတယ်။ လူကမြောက်တက်သွားပြီး ကားမှန်နဲ့ရိုက်မိတယ်။ ပြန်အကျမှာ ဦးခေါင်းနဲ့ ကျသွားတယ်ထင်တယ်။ ဦးခေါင်းနဲ့ ဒူးတွေမှာ ဒဏ်ရာရသွားတယ်။ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်။ စစ်ဆေးဖို့ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်" လို့ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက သက်ခိုင်ဦးနဲ့ ဒေါ်မြအေးတို့ နှစ်ဦးလုံးကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ‎ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရ‎ပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013