DVB Logo
Home
မြန်မာသတင်း
အာဆီယံ- အိန္ဒိယ မိတ်ဘက်ဆက်ဆံမှုတိုးတက်ရန် မြန်မာပူးပေါင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
January 27, 2018
အာဆီယံ- အိန္ဒိယ မိတ်ဘက်ဆက်ဆံမှုတိုးတက်ရန် မြန်မာပူးပေါင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေနဲ့အတူ အာဆီယံ- အိန္ဒိယ ဆက်ဆံရေးနဲ့ မဟာဗျူဟာကျတဲ့ မိတ်ဘက်ဆက်ဆံမှု တိုးတက်ရေးအတွက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ပြုထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အာဆီယံ-အိန္ဒိယ ဆွေးနွေးဘက်ဆက်ဆံရေး ၂၅ နှစ်မြောက် အထိမ်းအမှတ် မျက်နှာ စုံညီ ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံဟာ ပထဝီ အနေအထားအရ အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်ထွက်ပေါက်မုခ်ဦး အဖြစ်ရှိနေပြီး အာဆီယံနဲ့ အိန္ဒိယကို ကုန်းလမ်းပေါင်းကူးတံတားလို ဆက်စပ်ပေးနေတယ်လို့ ပြောပါတယ်။

ပြီးတော့ အနာဂတ်မှာ အာဆီယံ အိန္ဒိယမဟာဗျူဟာမြောက် ဆွေးနွေးဘက်ဆက်ဆံရေးကို တိုးမြှင့်ဖို့နဲ့ လက်ရှိ ပူးပေါင်းဆောင်ရွက်နေတာတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေလည်း လုံလုံလောက်လောက်ရှိနေသလို အာဆီယံနဲ့ ပိုပြီးဆက်ဆံဖို့ အိန္ဒိယရဲ့ စိတ်အားထက်သန်မှုတွေ တိုးလာတဲ့ အပေါ်ကိုလည်း ကျေနပ်အားရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အိန္ဒိယနဲ့ အာဆီယံကို ဆက်သွယ်ပေးမယ့် သုံးနိုင်ငံအဝေးပြေးလမ်းမ လမ်းကြောင်းမှာ ပါတဲ့ မြန်မာနိုင်ငံအတွင်းက လမ်းမကြီးတွေကို အဆင့်မြှင့်တင်ပြုပြင်ပေးလို့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ကို ကျေးဇူးတင်တယ်လို့လည်း သူက ဆိုပါတယ်။

ပြီးတော့ အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံချက်၊ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းတို့ကို ဆက်စပ်ပေးမယ့် ကုလားတန် ဖြတ်သန်းပို့ဆောင်ရေး စီမံချက်လို စီမံချက်တွေဟာ အိန္ဒိယက အရှေ့တောင်အာရှကို သွားတဲ့ အဓိက လမ်းမကြီး ဖြစ်လာမယ်လို့ ယုံကြည်တယ်လို့လည်း ပြောပါတယ်။

သီလဝါစီးပွားရေးဇုန်၊ ထားဝယ်နဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေကြောင့် ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကိုလည်း တိုးတက်လာစေမှာဖြစ်လို့ မြန်မာနိုင်ငံက စီးပွားရေး အခြေခံ အဆောက်အအုံဆိုင်ရာ စီမံချက်တွေမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ပါတယ်။

ဒီအစည်းအဝေးကို အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့အကြီးအကဲတွေ တက်ရောက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013