DVB Logo
Home
မြန်မာသတင်း
လာအိုရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကို မြန်မာသံအမတ်တွေ့ဆုံ
DVB
·
January 26, 2018
လာအိုရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကို မြန်မာသံအမတ်တွေ့ဆုံ
Donate to DVB

ရွှေတြိဂံဒေသ၊ လာအိုနိုင်ငံဘက်ခြမ်းက မြန်မာရွာမှာရှိတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဒီကနေ့ မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ မြန်မာလုပ်သားတွေရဲ့လက်ရှိကြုံတွေနေရတဲ့ အခက်အခဲတွေကို ကနဦးမေးမြန်းခဲ့ပြီး မနက်ညနေ (၅)နာရီမှာ တစ်အိမ်ထောင်တစ်ယောက်နှုန်းနဲ့ ဆက်လက်တွေ့ဆုံသွားဖို့ ရှိနေပါတယ်။

မနက်ဖြန် သံမတ်နဲ့တွေဆုံရင် လာအိုရောက်မြန်မာအလုပ်သမားအနေနဲ့ လာအိုအစိုးရက တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လုပ်မပေးသေးတာကြောင့် အလုပ်လုပ်ကိုင်ရာမှာ လုပ်အားလစာအပြည့်အဝမရတာ၊ ဆေးဝါးကုသမှုနဲ့ သွားလာရေးမှာ ခက်ခဲနေတဲ့ အကြောင်းတွေကို တင်ပြသွားမယ်လို့ အလုပ်သမားတွေကဆိုပါတယ်။

ရွှေတြိဂံဒေသ၊ လာအိုနိုင်ငံမှာ မြန်မာလုပ်သားပေါင်း ၃သောင်းကျော်လောက်ရှိနေကြပြီး မြန်မာလုပ်သားတွေဟာ တရုတ်နိုင်ငံသားပိုင် ရွှေတြိဂံစီးပွားရေးဇုန်က လုပ်ငန်းအသီးသီးမှာ အလုပ်လုပ်ကိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013