DVB Logo
Home
မြန်မာသတင်း
ကလေး-တမူး လမ်းပိုင်းတွင် တရားမဝင် တမလန်းသစ် တင်ဆောင်လာသည့် ကားတစီးဖမ်းမိ
DVB
·
January 26, 2018
ကလေး-တမူး လမ်းပိုင်းတွင် တရားမဝင် တမလန်းသစ် တင်ဆောင်လာသည့် ကားတစီးဖမ်းမိ
Donate to DVB

မော်လိုက်ကလေး အကျဉ်းထောင်အနီး ကလေး-တမူး အဝေးပြေးကားလမ်းပေါ်မှာ ဇန်န၀ါရီ ၂၅ ရက်ညနေက တမလန်းသစ် လေးထောင့်တုံးတွေ သယ်ဆောင်လာတဲ့ အိမ်စီးကားငယ်တစီးကို ဖမ်းဆီးမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းကသိရပါတယ်။

ဖမ်းဆီးစဉ်ပါဝင်ခဲ့တဲ့ နယ်ထိန်းတပ်ဖွဲ့က ရဲတပ်သား အောင်မြင့်ထွေးက “သတင်းရလို့ လမ်းပေါ်မှာ စောင့်နေတာ။ အဲဒီမှာ တမူးဘက်ကနေ ကလေးဘက်ကို ကားအဖြူတစီး မောင်းလာတာနဲ့ တားပြီး စစ်လိုက်တော့ ကားနောက်ခန်းထဲမှာ တမလန်းတုံးတွေ ပါလာတယ်။ ကားပေါ်မှာလည်း အမျိုးသားနှစ်ဦး ပါလာပါတယ်” လို့ ဆိုပါတယ်။

တရားမ၀င် တမလန်းသစ် သယ်ဆောင်လာသူတွေကတော့ ကလေးမြို့နယ် ရာဇဂြိုဟ်ရွာနေ ကျော်သီဟ(ခ)သီဟ နဲ့ နေသူရဦး(ခ) ရှမ်းကြီးတို့ဖြစ်ပြီး ကားပေါ်မှာ တမလန်းတုံး ဆိုဒ်စုံ ၁၀ တုံးနဲ့  အလုံး ၁ လုံး တင်ဆောင်ခဲ့တာဖြစ်ပါတယ်။

တရားမဝင် တမလန်းတုံး တင်ဆောင်လာသူ နှစ်ဦးကို နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်က တရားလိုပြုလုပ်ပြီး ပြည်သူပိုင် ပုဒ်မ ၆(၁) နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013