DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 26, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ တအိတ်ကို ငွေကျပ် ၅၂,၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင် အသင်းမှာတော့ မတ်ပဲအသစ် ၁ အိတ်ကို ၄၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၂,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီက ၁ အိတ်ကို ၃၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၆,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၈,၅၀၀ ကျပ်ကနေ ငွေကျပ် ၃၆,၉၀၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲကြီး
မန္တလေး ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၁၄၀,၀၀၀ ပေါက်ဈေးရှိပြီး မုံရွာ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၃၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၈,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၇,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၁၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁,၇၁၀ ကျပ်ကနေ ၁,၇၂၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၇၅၀ ကျပ်၊ မန္တလေးနဲ့ မုံရွာ ကုန်စည်ဒိုင် ၁ ပိဿာကို ၃၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဆန်ပြောင်း
မြင်းခြံကုန်စည်ဒိုင်မှာ ဆန်ပြောင်းက ၁ တင်းကို ငွေကျပ် ၁၂,၇၀၀ ပေါက်ဈေးရှိပြီး ၁ တင်းကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ တင်းကို ၁၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မြင်းခြံနဲ့ မုံရွာ ကုန်စည်ဒိုင် ၁ တင်းကို ၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013