DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆွေးနွေး
DVB
·
January 26, 2018
အိန္ဒိယ-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆွေးနွေး
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဒေလီမြို့မှာ မနေ့က ကျင်းပတဲ့  အိန္ဒိယဝန်ကြီးချုပ်နဲ့ အာဆီယံနိုင်ငံတွေက အကြီးအကဲတွေရဲ့  သီးသန့်အစည်းအဝေးမှာပါ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ “ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် လုံခြုံရေး ဘာသာရပ်” ခေါင်းစဉ်နဲ့  အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတာပါ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့  အာဆီယံ-အိန္ဒိယ ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ သဘောထားအမြင်နဲ့ မြန်မာနိုင်ငံမှာ  ရေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ညနေက ကျင်းပတဲ့ အာဆီယံ-အိန္ဒိယ ဆွေးနွေးဘက် ဆက်ဆံရေး ၂၅ နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို အာဆီယံ ခေါင်းဆောင်တွေနဲ့အတူ တက်ရောက်ခဲ့ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေအပြင် အနာဂတ် အာဆီယံ-အိန္ဒိယ ဆက်ဆံရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

မနေ့ မွန်းလွဲပိုင်းကတော့  နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်မှာ  အိန္ဒိယသမ္မတကြီး ရမ်နက်သ်ကိုဗင့်ဒ်က တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြု နေ့လယ်စာစားပွဲကို တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယ ဝန်ကြီးချုပ် မစ္စတာနာရင်ဒရာမိုဒီနဲ့ အတူ Mughal ပန်းဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြသလို Taj Diplomatic Enclave ဟိုတယ်မှာ ကျင်းပတဲ့ အမှတ်တရ တံဆိပ်ခေါင်း ၁၁ ခု ထုတ်ဝေတဲ့ အခမ်းအနား တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနေ့က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာသတ်မှတ်ရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု နှိမ်နှင်းရေးကိစ္စ၊ နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဂိတ်တွေ ဖွင့်လှစ်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အိန္ဒိယနိုင်ငံမှ အကူအညီပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ  ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဇွန်းနဲ့လည်း နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်မှာ သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013