DVB Logo
Home
မြန်မာသတင်း
ကမ္ဘာကျော်မျက်လှည့်ပညာရှင်က ဆေးခတ်ပြီး လိင်ပိုင်းစော်ကားခဲ့ဟု မော်ဒယ်ဟောင်း စွပ်စွဲ
DVB
·
January 26, 2018
ကမ္ဘာကျော်မျက်လှည့်ပညာရှင်က ဆေးခတ်ပြီး လိင်ပိုင်းစော်ကားခဲ့ဟု မော်ဒယ်ဟောင်း စွပ်စွဲ
Donate to DVB

ကမ္ဘာကျော် မျက်လှည့်ပညာရှင် ဒေးဗစ်ကော်ပါဖီးလ်ဟာ သူ့ကို ဆေးခတ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ အမေရိကန်မော်ဒယ်ဟောင်းက စွပ်စွဲလိုက်ပါတယ်။

၁၉၈၈ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာလုပ်တဲ့ မော်ဒယ်ပြိုင်ပွဲအပြီး ဒေးဗစ်ကော်ပါဖီးလ်က သူ့ကို ဆေးခတ် စော်ကားခဲ့တယ်လို့ အဲဒီအချိန်က ဆယ်ကျော်သက် မော်ဒယ်အဖြစ် ပြိုင်ပွဲဝင်ခဲ့သူ ဘရစ်တနီလူးဝစ်က ပြောပါတယ်။

ကော်ပါဖီးလ်ဟာ အဲဒီပြိုင်ပွဲမှာ ဒိုင်လုပ်ခဲ့သူပါ။ အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ကော်ပါဖီးကတော့ သူဟာ အရင်တုန်းကလည်း လိင်ပိုင်းမဖွယ်မရာလုပ်ခဲ့သူလို့ မှားယွင်းစွပ်စွဲခံခဲ့ရပြီး အခုလည်း စွပ်စွဲခံရဦးမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဇန်နဝါရီ ၂၄ ရက်နေ့တုန်းက ရေးသားခဲ့ပါတယ်။

အဲဒီနောက် နာရီပိုင်းအကြာမှာပဲ မော်ဒယ်ဟောင်း ဘရစ်တနီက ကော်ပါဖီးလ်အပေါ် စွပ်စွဲချက်ဟာ ဖျော်ဖြေရေး အင်တာနက်စာမျက်နှာ The Wrap မှာ ပါလာခဲ့တာပါ။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလက ဂျပန်မှာလုပ်တဲ့ မော်ဒယ်ပြိုင်ပွဲမှာ တွေ့အပြီး ကော်ပါဖီးလ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာလုပ်တဲ့ သူ့ဖျော်ဖြေပွဲကို ဖိတ်ခဲ့တယ်လို့ ဘရစ်တနီက ပြောပါတယ်။

ဘရစ်တနီက အဲဒီအချိန်မှာ သူဟာ ၁၇ နှစ်ပဲရှိသေးပြီး ကော်ပါဖီးက ၃၂ နှစ်ရှိပြီဖြစ်တယ်လို့ The Wrap ကို ပြောပါတယ်။

ဒီစွပ်စွဲချက်ကို သီးခြားအတည်ပြုချက်ယူလို့ မရသလို ဘရစ်တနီကိုလည်း ဆက်သွယ်လို့မရဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ကော်ပါဖီးလ်ရဲ့ ပြောခွင့်ရသူကတော့ အခုစွပ်စွဲချက်ကို မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

၂၀၀၇ ခုနှစ်ကလည်း အလှမယ် လေစီကာရိုးက သူ့ကို လိင်ပိုင်း နှောင့်ယှက်စော်ကားခဲ့တယ်လို့ ကော်ပါဖီးလ်ကို စွပ်စွဲခဲ့ဖူးပါတယ်။

အဲဒီအမှုဟာ နောက်ပိုင်းမှာ တရားဝင် ရှင်းလင်းမှုမရှိဘဲ ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013