
၆၉ နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံတော်နေ့ အလံတင်အခမ်းအနားကို မန္တလေးချမ်းမြသာ
စည်မြို့နယ်က အိန္ဒိယကောင်စစ်ဝန်ရုံးမှာ ဒီကနေ့မနက် ၁၀ နာရီက ကျင်းပပါတယ်။
အိန္ဒိယကောင်စစ်ဝန်ချုပ် နန္ဒာဆင်းဂ်ဘဟလ်ဆိုရာက အိန္ဒိယနိုင်ငံသမ္မတကြီးရဲ့ မိန့်ခွန်းသ၀ဏ်လွှာကိုဖတ်ကြားခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုအက တေးသီချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေခဲ့ပါတယ်။
ဒီအခမ်းအနားကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က အားကစားနဲ့လူငယ်ရေးရာဝန်ကြီးနဲ့ အားကစားသမားတွေ၊ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေ၊ မန္တလေးတိုင်းပြင်ဦးလွင်မြို့က အိန္ဒိယနွယ်ဖွားတွေ၊ မြန်မာပြည်ထဲက အိန္ဒိယနွယ်ဖွားတွေနဲ့အတူ မန္တလေးတိုင်း အားကစားနဲ့ကာယသိပ္ပံ ကျောင်းကကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။










