DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း စိုက်ပျိုးရေးရုံးတွင် မြေဆီလွှာဓာတ်ခွဲခန်း ဖွင့်လှစ်
DVB
·
January 26, 2018
မကွေးတိုင်း စိုက်ပျိုးရေးရုံးတွင် မြေဆီလွှာဓာတ်ခွဲခန်း ဖွင့်လှစ်
1 / 3
Donate to DVB

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီး စိုက်ပျိုးရေးရုံးဝင်းထဲမှာ ဇန်နဝါရီ ၂၅ ရက် မနက်က တောင်သူလယ်သမားတွေအတွက် မြေဆီလွှာဓာတ်ခွဲခန်း ဖွင့်လှစ်ခဲ့ပါတယ်။

မ​ကွေးတိုင်း​ဒေသကြီး စိုက်​ပျိုး​ရေးဦးစီးမှူး ဦးခင်​​မောင်​ဝင်းက “တိုင်း​ဒေသကြီးရဲ့ စိုက်​ပျိုး​ရေးကဏ္ဍအတွက်​ အလွန်​အသုံးတည့်တဲ့ ဓာတ်​ခွဲခန်းတခုပါ။ ဓာတ်​ခွဲခန်း update ဖြစ်​ဖို့က​တော့ modernize ဖြစ်​တဲ့ စက်​ကိရိယာ​တွေ ​ပေါ်ရင်​​ပေါ်သလို သုံးချင်​ပါတယ်​။ သုံးနိုင်​​လေ ဓာတ်​ခွဲခန်း အ​ဖြေ​တွေက တိကျ​လေ​ပေါ့။ အ​ဖြေ​တွေ တိကျတာနဲ့အမျှ ​တောင်​သူတွေအတွက်​ အ​ကောင်းဆုံး အကြံပြုချက်​​တွေ ​ပေးနိုင်​မှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြေဆီလွှာ ဓာတ်​ခွဲခြင်းလုပ်​ငန်း ကဏ္ဍ ၁၃ ခု၊ စိုက်​ပျိုးသွင်း​ရေ ဓာတ်​ခွဲခြင်းလုပ်​ငန်း ကဏ္ဍ ၆ ခု၊ ​မြေသြဇာဓာတ်​ခွဲခြင်းလုပ်​ငန်း​ ကဏ္ဍ ၈ ခု ပါဝင်​ပြီး ဓာတ်​ခွဲစမ်းသပ်​နှုန်းထား ၁၅၀၀ ကျပ်​ကနေ ၁၀၀၀၀ ကျပ်​ထိသာ သတ်​မှတ်​ထား​ပါတယ်။

မြေဆီလွှာ ဓာတ်​ခွဲတာဟာ စိုက်​သင့်တဲ့ သီးနှံပင်​အမျိုးအစားကို ဆုံးဖြတ်​နိုင်​မယ်၊ မြေထဲက ရှိရင်းစွဲအပင်​ အာဟာရဓာတ်​တွေကို သိရှိရလို့ ထည့်သွင်းအသုံးပြုသင့်တဲ့ ​မြေသြဇာ နှုန်းထား ပမာဏတွေကို သိရှိနိုင်​မယ်၊ ​မြေချဉ်​၊ ​မြေငန်​ပြဿနာရှိ​တဲ့ ​မြေတွေကို ပြုပြင်​စိုက်​ပျိုးနိုင်​မယ်၊ ​မြေထဲက ​မြေ​ဆွေးဓာတ် ​အ​ခြေအ​နေတွေကို သိရှိနိုင်ပြီး ​မြေဆီလွှာ​ကောင်းတွေ ဖြစ်​လာ​အောင်​ စီမံ​ဆောင်ရွက်​နိုင်​မယ်။ သီးနှံအထွက်​နှုန်း တိုးတက်​​အောင်၊ တဧက ကုန်​ကျစရိတ်​ သက်​သာ​စေအောင်၊ ​မြေဆီလွှာထိန်းသိမ်း​ပေးနိုင်​အောင်၊ သဘာဝပတ်​ဝန်းကျင်​ ထိခိုက်​မှု ​လျော့နည်း​စေတဲ့ အကျိုးတွေ ရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြေဆီလွှာ ဓာတ်ခွဲခန်း ဖွင့်ပွဲကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တက်ရောင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013