DVB Logo
Home
မြန်မာသတင်း
နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ် ၂ သိန်း ၁ သောင်းကျော် ချီးမြှင့်ထား
DVB
·
January 26, 2018
နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ် ၂ သိန်း ၁ သောင်းကျော် ချီးမြှင့်ထား
Donate to DVB

အန်အယ်လ်ဒီအစိုးရ တာဝန်ယူတဲ့ ၂ နှစ်တာကာလအတွင်း နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ် ၂ သိန်း ၁ သောင်းကျော် ချီးမြှင့်ထားတယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက် ပြည်သူ့လွှတ်တော်မှာ နိုင်ငံ့ဝန်ထမ်းတွေထဲက သတ်မှတ် အရည်အချင်းနဲ့ ကိုက်ညီမှုရှိပြီး ထူးချွန်စွာ တာဝန်ထမ်းဆောင်သူတွေထဲက သင့်လျော်တဲ့ အရေအတွက်ကို ဘွဲ့တံဆိပ်၊ အဆောင်အယောင်တွေ၊ အပန်းဖြေ လေ့လာရေးခရီးတွေ၊ နိုင်ငံခြား ပညာတော်သင်ခရီးစဉ်တွေနဲ့ ဂုဏ်ပြုချီးမြှင့်၊ အသိမှတ်ပြုပေးပြီး နိုင်ငံ့ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးမြှင့်ပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုကို လာရောက်ဖြေဆိုစဉ် ပြောဆိုခဲ့တာပါ။

“ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းခံမှုများကို တင်ပြရမယ်ဆိုရင် အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများအား ၂၀၁၇ ခုနှစ်တွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ် ၆၅၆၇၀ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ် ၁၇၆၀၉ ဦး၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ၇၄၅၆ ဦး၊ စုစုပေါင်း ၉၀၇၃၅ ဦး။ ၂၀၁၈ ခုနှစ်တွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ် ၇၆၇၃၆ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ် ၂၄၇၉၄ ဦး၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ၁၄၀၁၆ ဦး၊ စုစုပေါင်း ၁၁၁၉၄၆ ဦးတို့ကို ချီးမြှင့်ခဲ့ပါတယ်။”

ဒါ့အပြင် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် နိုင်ငံ့ဝန်ထမ်းတွေအတွက် ၂၀၁၆ ခုနှစ်အတွက် ၂၀၁၇ ခုနှစ် လွတ်လပ်ရေးနေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းခဲ့သူ စုစုပေါင်း ၉၇၉၀၀ ဦး၊ ၂၀၁၇ ခုနှစ်အတွက် ၂၀၁၈ ခုနှစ် လွတ်လပ်ရေးနေ့မှာ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် စုစုပေါင်း ၁၁၈၃၂၆ ဦး ချီးမြှင့်ခဲ့ပြီး နှစ်နှစ်တာကာလအတွင်း ၂၁၆၂၂၆ ဦးတို့ကို ချီးမြှင့်အပ်နှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထူးချွန်စွာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေကို ဆုချီးမြှင့်ဖို့ကို နိုင်ငံတော်အတိုင်ပင်ခံကလည်း လမ်းညွှန်မှု ပေးထားတယ်လို့လည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေအနက် သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီမှုရှိပြီး ထူးချွန်စွာ တာဝန်ထမ်းဆောင်သူတွေထဲက သင့်လျော်တဲ့ အရေအတွက်ကို ဘွဲ့တံဆိပ်၊ အဆောင်အယောင်တွေ၊ အပန်းဖြေ လေ့လာရေးခရီးတွေ၊ နိုင်ငံခြားပညာတော်သင်ခရီးစဉ်တွေနဲ့ ဂုဏ်ပြုချီးမြှင့် အသိမှတ်ပြုပေးပြီး နိုင်ငံ့ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးမြှင့်ပေးဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုကို ကိုယ်စားလှယ် အားလုံးက ထောက်ခံတဲ့အတွက် အဆိုကို အတည်ပြုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013