DVB Logo
Home
မြန်မာသတင်း
ဘေးလ်ရစ်ချတ်ဆန်ကို ရခိုင်အကြံပေးအဖွဲ့ဝင်အဖြစ်မှ ရပ်စဲကြောင်း မြန်မာအစိုးရ ကြေညာ
DVB
·
January 26, 2018
ဘေးလ်ရစ်ချတ်ဆန်ကို ရခိုင်အကြံပေးအဖွဲ့ဝင်အဖြစ်မှ ရပ်စဲကြောင်း မြန်မာအစိုးရ ကြေညာ
Donate to DVB

အမေရိကန် ဝါရင့်သံတမန်ဟောင်း ဘေးလ်ရစ်ချတ်ဆန်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက  ဇန်နဝါရီ ၂၅ ရက်မှာ ကြေညာပါတယ်။

အုပ်ချုပ်ရေးမှူး ဘေးလ်ရစ်ချတ်ဆန်ရဲ့ ရည်ရွယ်ချက်ဟာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ် အခြေခံ အကြံပေးတာ မဟုတ်ဘဲ ပုဂ္ဂလိကအကျိုးကို ရှေးရှု ဆောင်ရွက်လိုတာ ထင်ရှားတယ်။ မတူညီတဲ့ ခံယူချက်တွေရှိလို့ သူ့ကို အကြံပေးအဖွဲ့မှာ ဆက်လက်ထည့်သွင်း ပါဝင်စေတာဟာ သက်ဆိုင်သူတွေအားလုံးကို အကျိုးပြုမှာ မဟုတ်လို့ အကြံပေးအဖွဲ့အဖြစ်ကနေ ရပ်စဲဖို့ ဆုံးဖြတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အစိုးရအနေနဲ့  ရခိုင်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ ပကတိ မြေပြင်အခြေအနေနဲ့ ကိုက်ညီစွာ တတ်နိုင်သလောက် အချိန်တိုအတွင်း အကောင်အထည်ဖော်သွားမယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး လွတ်လပ်ပွင့်လင်းတဲ့  အကြံပြုချက်တွေရဖို့ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

ဘေးလ်ရစ်ချတ်ဆန်ကတော့ အကြံပေးအဖွဲ့ဟာ ရိုဟင်ဂျာကိစ္စကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ခေါင်းဆောင်မှု ပေးဖို့ ပျက်ကွက်တယ်လို့ စွပ်စွဲပြောဆိုပြီး အကြံပေးအဖွဲ့ဝင်အဖြစ်က နုတ်ထွက်ကာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013