DVB Logo
Home
မေးမြန်းခန်း
ချင်း​အမျိုး​သား​တပ်ဦး​နှင့်​ အစိုး​ရအကြား​ အပစ်ရပ်သ​ဘောတူ
DVB
·
May 7, 2012
ချင်း​အမျိုး​သား​တပ်ဦး​နှင့်​ အစိုး​ရအကြား​ အပစ်ရပ်သ​ဘောတူ
Donate to DVB

ချင်း​လက်နက်ကိုင်အဖွဲ့​ဖြစ်တဲ့​ ချင်း​အမျိုး​သား​တပ်ဦး​နဲ့​ အစိုး​ရ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​တို့​ ချင်း​ပြည်နယ် ဟား​ခါး​မှာ ဒီ​နေ့​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​ အပစ်အခတ်ရပ်စဲ​ရေး​အပါအဝင် အချက် (၁၆) ချက်ကို သ​ဘောတူညီချက်ရပြီလို့​ ချင်း​အမျိုး​သား​တပ်ဦး​ရဲ့​ ကိုယ်စား​လှယ်အဖွဲ့​ခေါင်း​ဆောင် ​ဒေါက်တာ​ရွှေခါး​က ​ပြောပါတယ်။

[caption id="attachment_25027" align="alignleft" width="310" caption="ဒေါက်တာရွှေခါး​"][/caption]

ဆွေး​နွေး​ပွဲကို ချင်း​ပြည်နယ် ဟား​ခါး​မြို့​မှာ မနက်ပိုင်း​ကော ည​နေပိုင်း​မှာပါ ၂ ကြိမ်ခွဲ​ဆွေး​နွေး​ခဲ့​ကြပါတယ်။ ချင်း​အမျိုး​သား​တပ်ဦး​ဟာ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့​ အဖွဲ့​ဝင်ဖြစ်တာ​ကြောင့်​ ​နောက်တဆင့်​မှာ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ​တွေကို ယူအန်အက်ဖ်စီအ​နေနဲ့​ ​ဆွေး​နွေး​ဖို့​ ထုတ်ပြန်ထား​ပါတယ်။ ယူအန်အက်ဖ်စီအဖွဲ့​ကလည်း​ အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​ခေါင်း​ဆောင် ဦး​အောင်မင်း​ကို ​တွေ့​ဆုံဖို့​ ကမ်း​လှမ်း​ထား​ပြီး​ ​မေလလယ်​လောက်မှာ ​တွေ့​ဆုံနိုင်ဖွယ်ရှိတယ်လို့​ ခန့်​မှန်း​ထား​ပါတယ်။

ဒီ​နေ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တဲ့​အ​ခြေအ​နေ​တွေနဲ့​ ပတ်သက်လို့​ ​ဒေါက်တာ​ရွှေခါး​ကို ဆယ်သွယ်​မေး​မြန်း​ထား​ပါတယ်။

ဒေါက်တာတို့​ ဒီ​နေ့​သ​ဘောတူညီချက် အ​ခြေအ​နေက ဘယ်လိုရှိပါသလဲ။ ဒီ​နေ့​ဆွေး​နွေး​ပွဲ​လေး​ ရှင်း​ပြ​ပေး​ပါ။

“ဒီ​နေ့​ဆွေး​နွေး​ပွဲက ​လျော​လျောလျူလျူပဲ အဆင်​ပြေပါတယ်။”

ဒီ​နေ့​မှ စပြီး​ဆွေး​နွေး​တာဆို​တော့​ ဒီ​နေ့​တရက်တည်း​နဲ့​ အပြီး​ သ​ဘောတူညီချက် ရသွား​တာလား​။ ဘာ​တွေ သ​ဘောတူလိုက်ကြပါသလဲ။

“ကျ​နော်တို့​ အချက်​ပေါင်း​ ၁၆ ချက်ပါတဲ့​ သ​ဘောတူညီချက်ကို လက်မှတ်​ရေး​ထိုး​မှာ ဖြစ်ပါတယ်။ အဓိကအား​ဖြင့်​တော့​ ပြီး​ခဲ့​တုန်း​က စာချုပ်ချုပ်ဆိုခဲ့​တာကို ဘယ်လို အ​ကောင်အထည်​ဖော် ​ဆောင်ရွက်မလဲ ဆိုတာ​တွေကို အ​သေး​စိတ်​ဆွေး​နွေး​တာ ဖြစ်ပါတယ်။”

အဲဒီ ၁၆ ချက်က​နေ ဒီ​နေ့​ သ​ဘောတူ လက်မှတ်ထိုး​ပြီး​ပြီလား​ခင်ဗျ။

“အခု လက်မှတ်​ရေး​ထိုး​ဖို့​ ​စောင့်​နေကြပါတယ်။”

အဲဒီ ၁၆ ချက်ကို လက်မှတ်မထိုး​ခင် တချက်​လောက် ​ပြောပြ​ပေး​ပါလား​။ ဘယ်အချက်​တွေ အဓိကအား​ဖြင့်​ ပါလဲခင်ဗျ။ ချင်း​က ​ဒေသခံ​တွေ သိရ​အောင် တချက်​လောက် ​ပြောပြ​ပေး​ပါလား​။

“ပထမက နယ်​မြေသတ်မှတ်တဲ့​ ကိစ္စ​တွေကို ပြည်​ထောင်စုအဆင့်​က​နေ ထပ်မံပြီး​တော့​ အတည်ပြုတာရယ်၊​ ဆက်ဆံ​ရေး​ရုံး​ တည်​ဆောက်မယ့်​ ကိစ္စကို ထပ်မံပြီး​တော့​ အတည်ပြုတာရယ်၊​ ပြီး​တော့​ နိုင်ငံ​ရေး​ ​တွေ့​ဆုံ​ဆွေး​နွေး​တဲ့​ အခါမှာ ဘယ်ဟာ​တွေကို အ​ခြေခံရမယ်ဆိုတဲ့​ အချက်အလက်​တွေ၊​ အန်ဂျီအို​တွေကိစ္စ၊​ ပြီး​တော့​ နိုင်ငံခြား​သား​ခံယူထား​တဲ့​ ချင်း​အမျိုး​သား​တွေ မြန်မာပြည်ကို ပြန်လာချင်ရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့​ ကိစ္စ​တွေ၊​ ပြီး​တော့​ မူး​ယစ်​ဆေး​ဝါး​ နှိမ်နင်း​ဖို့​ကို ဘယ်လိုပူး​ပေါင်း​ကြမလဲဆိုတဲ့​ ကိစ္စ၊​ ပဋိပက္ခဖြစ်ရင် ဘယ်လို​ဖြေရှင်း​ရမလဲဆိုတဲ့​ ကိစ္စ၊​ အဲဒါ​တွေ​တော့​ အဓိကပါတယ်။”

ဒေါက်တာ​ရွှေခါး​က စီအန်အက်ဖ်ကို ဦး​စီး​ပြီး​တော့​ သွား​တာလား​ခင်ဗျ။

“ဟုတ်ကဲ့​၊​ အဖွဲ့​ခေါင်း​ဆောင်ဖြစ်ပါတယ်။”

ဒီအစိုး​ရက ပြည်​ထောင်စုအဆင့်​ ဝန်ကြီး​က ဦး​အောင်မင်း​လား​ခင်ဗျ။

“ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​အဖွဲ့​၊​ အရာရှိ​တွေပါပါတယ်။”

စီအန်အက်ဖ်က ၁၉၈၈ က စတင် ထူ​ထောင်တယ်ဆို​တော့​ အခု ၂၃ နှစ်​လောက် အကြာမှာ သ​ဘောတူညီချက် ရတာ​ပေါ့​။ ဒီဟာနဲ့​ ပတ်သက်ပြီး​တော့​ ​ဒေါက်တာ​ရွှေခါး​ အ​နေနဲ့​ ချင်း​ပြည်သူ​တွေသိ​အောင် ​ပြောပြ​ပေး​ပါလား​။

“အခုက စပြီး​တော့​ ထာဝရငြိမ်း​ချမ်း​ရေး​ တည်​ဆောက်နိုင်ဖို့​အတွက် ​ခြေလှမ်း​နောက်တလှမ်း​ ​ရှေ့​ကို တိုး​တယ်လို့​ ​ပြောလို့​ရပါတယ်။”

ချင်း​ပြည်နယ်ထဲမှာ ​ဒေါက်တာတို့​ ဆက်ဆံ​ရေး​ရုံး​တွေ ဘယ်​တော့​လောက် ဖွင့်​မလဲ။ ဒီ​နေ့​မှာ သ​ဘောတူလိုက်​သေး​လား​။

“ဒီ​နေ့​မှာ ချက်ချင်း​ဖွင့်​လို့​တော့​ရပါတယ်။ ကျ​နော်တို့​ဘက်က နည်း​နည်း​ ပြင်ဆင်ပြီး​တော့​ မကြာခင်မှာ ဖွင့်​ပါမယ်။”

မြန်မာပြည်ထဲမှာ ချင်း​ပြည်နယ်နဲ့​ ရခိုင်ပြည်နယ်မှာ မီး​မလာတာ အဓိကဖြစ်​နေတယ်။ အဲဒီလျှပ်စစ်မီး​ ရရှိ​ရေး​နဲ့​ ပတ်သက်လို့​ကော ​ဒေါက်တာ​ရွှေခါး​တို့​ ဘာ​တွေစီစဉ်​သေး​လဲခင်ဗျ။

“အဲဒီဟာ​တော့​ ​နောက်တဆင့်​မှ ​ဆွေး​နွေး​ရမယ့်​ ကိစ္စဖြစ်ပါတယ်။”

နောက် နာရီဝက်၊​ ၁နာရီ​လောက်ဆို လက်မှတ်ထိုး​ပြီလား​။

“ဟုတ်ပါတယ်။ အခု​ဆွေး​နွေး​ပွဲ​တော့​ အကုန်လုံး​ပြီး​ပြီ၊​ လက်မှတ်​ရေး​ထိုး​ဖို့​တော့​ ​ဆောင်ရွက်​နေကြပါတယ်။”

နောက်ထပ်​ဆွေး​နွေး​ဖို့​ ရှိ​သေး​လား​။

“မရှိ​တော့​ပါဘူး​။ ပြည်သူလူထုအတွက် ​ဆွေး​နွေး​ပြီး​ပါပြီ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013