DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၆၀၀၀ ခန့်တန်ဖိုးရှိ ရတနာများ လုယက်သွားသူများထဲမှ ၁ ဦး ဖမ်းမိ
DVB
·
January 25, 2018
ကျပ်သိန်း ၆၀၀၀ ခန့်တန်ဖိုးရှိ ရတနာများ လုယက်သွားသူများထဲမှ ၁ ဦး ဖမ်းမိ
Donate to DVB

တုတ်ဓားတွေနဲ့ ဝိုင်းဝန်းထိုးခုတ်ပြီး ငွေကျပ်သိန်းပေါင်း ၅,၈၀၀ ကျော် တန်ဖိုးရှိ ရတနာပစ္စည်းတွေကို လုယက်သွားသူတွေထဲက ၁ ဦး ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၄ ရက်နေ့ ည ၆ နာရီခွဲအချိန်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်နေ မျိုးသက် (ခ) ဟာနက် (၃၈) နှစ်ပါ (၅) ဦးတို့ဟာ ခင်မင်ရင်းနှီးသူ ဖြိုးမောင်မောင် (စိစစ်ဆဲ) ရဲ့ ဖုန်းနဲ့ ဆက်သွယ်ပေးမှုအရ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၄၇×၄၈ လမ်းကြား ခိုင်ရွှေဝါလမ်းနေ ကိုထွန်း (စိစစ်ဆဲ) ရဲ့ နေအိမ်ကို သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကိုထွန်းက သူတို့ (၅) ဦးအား ဧည့်ခန်းမှာ ခေတ္တစောင့်ခိုင်းထားပြီး သူဌေးအား သွားခေါ်မယ်လို့ ပြောဆိုကာ ထွက်သွားကြောင်း၊ ခဏအကြာ နေအိမ်အတွင်း တံခါးပိတ်ထားတဲ့ အခန်းအတွင်းမှ လူငယ် (၄) ဦး (စိစစ်ဆဲ)တို့ ထွက်လာပြီး တုတ်ဓားတွေနဲ့  မျိုးသက် (ခ) ဟာနက် ပါ (၅) ဦးတို့အား ဝိုင်းဝန်းထိုးခုတ်ကာ ရတနာပစ္စည်းတွေ လူယူပြီး  Honda Fit ယာဉ်နဲ့ ထွက်ပြေးသွားကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လုယူခံရတဲ့ပစ္စည်းတွေကတော့ ကျောက်စိမ်းလက်စွပ် (၇) ကွင်း၊ ကျောက်စိမ်းတုံး(၇)တုံး၊ ကျောက်စိမ်းဖြတ်စ (၁) စ၊ ရွှေကြုပ် (၁) ခု၊ လက်ကိုင်ဖုန်း (၆) လုံး၊ ငွေကျပ် (၁၀) သိန်း စုစုပေါင်းတန်ဖိုးငွေကျပ်သိန်းပေါင်း (၅,၈၀၀) ကျော်ဖိုး ရှိတယ်လို့ ဆိုပါတယ်။

မျိုးသက် (ခ) ဟာနက်ပါ (၂) ဦးတို့မှာ ဦးခေါင်းနောက်စေ့ပြတ်ရှ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ကြပြီး အရေးယူပေးဖို့ တိုင်တန်းချက်အရ ဖြိုးမောင်မောင်၊ ကိုထွန်းနဲ့ ကျား (၄) ဦး(စိစစ်ဆဲ) တို့အား အောင်ပင်လယ်နယ်မြေရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ နဲ့ အမှုဖွင့်စုံစမ်းခဲ့ရာ မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၇၆×၇၇ လမ်းကြားနေ ဖြိုးမောင်မောင်အား ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013