DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားများ၏ ဒီမိုကရေစီမျှော်မှန်းချက် သဘောထားအမြင်စစ်တမ်း ထုတ်ပြန်
DVB
·
January 25, 2018
နိုင်ငံသားများ၏ ဒီမိုကရေစီမျှော်မှန်းချက် သဘောထားအမြင်စစ်တမ်း ထုတ်ပြန်
Donate to DVB

 

နိုင်ငံသားများ၏ ဒီမိုကရေစီ မျှော်မှန်းချက်ဆိုင်ရာ သဘောထားအမြင်စစ်တမ်းတစောင်ကို ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ဇန်နဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီစစ်တမ်းကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုမှာ ပါဝင်ပတ်သတ်သူ တွေအနေနဲ့ လူ့အဖွဲ့အစည်းတွင်းရှိ ဒီမိုကရေစီစံနှုန်းတွေ၊ နိုင်ငံသားတွေသိရှိမှုနဲ့ ပါဝင်မှု အတိုင်းအတာအပါအဝင် နိုင်ငံရေးအင်စတီကျူရှင်းဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး စစ်တမ်း ကောက်ယူခဲ့တာလို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

စစ်တမ်းကောက်ယူရာမှာ အများပြည်သူဆိုင်ရာလှုပ်ရှားမှုများနဲ့ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှု များ ပါဝင်မှု၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အစိုးရနဲ့ ရွေးကောက်ခံကိုယ်စားလှယ်များ၏ လုပ်ငန်း စွမ်းဆောင်ရည်၊ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးစတဲ့ ကဏ္ဍ ၈ ခုကို အဓိကထား စစ်တမ်း ကောက်ယူခဲ့တာလို့ သိရပါတယ်။

စစ်တမ်းကောက်ယူမှုကို နိုင်ငံတကာသုတေသနလုပ်ငန်းတွေမှာကျင့်သုံးတဲ့ စာရင်းအင်း နည်းပညာကို အသုံးပြုပြီး ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၂၅၄ ခုမှာ တွေ့ဆုံမေးမြန်းမှုပေါင်း ၂၈၀၀ ကျော် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013