DVB Logo
Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ်တွင် သပိတ်စခန်းဖွင့် ဆန္ဒပြနေသည့်ကျောင်းသားများကို နေရပ်ပြန်ပို့  
DVB
·
January 25, 2018
ရတနာပုံတက္ကသိုလ်တွင် သပိတ်စခန်းဖွင့် ဆန္ဒပြနေသည့်ကျောင်းသားများကို နေရပ်ပြန်ပို့  
Donate to DVB

 

ပညာ​ရေးအသုံးစရိတ်​ တိုးမြှင့်​​ပေး​ရေးအတွက် မန္တ​လေးရတနာပုံတက္ကသိုလ်မှာ ဆန္ဒထုတ်​​ဖော်​​နေကြတဲ့ သပိတ်​စခန်းကို ဇန်​နဝါရီ ၂၅ ရက်​မနက်​ ၄နာ၇ီခွဲလောက်မှာ အာဏာပိုင်တွေက ၀င်ရောက်ဖြိုခွင်းပြီး ကျောင်သားတွေကို နေရပ်ပြန်ပို့ဆောင်လိုက်ပါတယ်။

မန္တ​လေးတိုင်းရဲတပ်ဖွဲ့နဲ့ သက်​ဆိုင်​ရာ မြို့နယ်အုပ်​ချုပ်​​ရေးမှူးတွေ၊ ရတနာပုံ တက္ကသိုလ်​​ကျောင်းက ဆရာဆရာမတွေက သပိတ်စခန်းဖွင့် တိုက်​ပွဲဝင်​​​တောင်းဆို​နေကြတဲ့ ​ကျောင်းသား ၁၅၀ ​ကျော်​ကို မန္တလာသီရိ အားကစားကွင်းထဲကို ပို့ဆောင်ကာ မန္တ​လေးတိုင်းဝန်​ကြီးချုပ်​​က​တွေ့ဆုံပြီး​နောက် နေရပ်​ကိုပြန်​ပို့ဖို့ စီစဉ်ပေးခဲ့ပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ မြင်းခြံက ကျောင်းသားတဦးက “ကျ​နော်​တို့ကိုဆွဲ​ခေါ်ဖမ်းတဲ့အခါမှာ မျက်နှာဖုံးအုပ်​ထားတဲ့ လူ ၁၅၀​ကျော်​က ဆွဲဖမ်းပြီး ဖုန်း​တွေကိုပါ တခါထဲသိမ်းသွားခဲ့တယ်။ ဖမ်းဆီးတဲ့အထဲမှာ အမျိုးသမီး​တွေ​ရောပါ​တာ​တွေ့တယ်​။ မနက်​ ၇နာရီ​လောက်​မှာ ​ထွေအုပ်​​တွေ ​ရောက်​လာပြီး ရဲ​တွေက နာမည်​​တွေ​၊ နေရပ်​​တွေ​မေးပြီးပြန်​ပို့တယ်​။  ကျ​နော်​က​တော့ မြင်းခြံကဆို​တော့ မြင်းခြံအုပ်​ချုပ်​​ရေးမှူးရုံးက​နေပြီး မိဘ​တွေဆီပြန်​အပ်​တယ်​။ မိဘ​တွေဆီပြန်​ပို့တဲ့ သ​ဘောပါ​။ ​ကျောင်းကပြန်​လာတက်​မှာပါ အကြမ်းဖက်​တာ​တော့မဟုတ်​ဘူး”လို့ ပြောပါတယ်။

ပညာ​ရေးစရိတ်​တိုးမြှင့်ပေး​ရေး တိုက်​ပွဲ​ကော်​မတီဝင်​က ရတနာပုံတက္ကသိုလ် တတိယနှစ် ​ဥပ​ဒေကျောင်းသား ကို​ကျော်​သီဟရဲ​ကျော်​က “ကျ​နော်​တို့ကို ဖြိုခွင်းလိုက်​တာပါ။  ကျ​နော်​တို့က ​ကျောင်းသား​တွေပါ။ ​ကျောင်းသား​တွေရဲ့​တောင်းဆိုမှုကို ပြည်​သူတွေက တင်​​မြှောက်​ထားတဲ့ အစိုးရ အ​နေနဲ့​ ညှိနှိုင်းမှုမလုပ်​ဘဲ အခုလိုလုပ်​တာဟာ​ ပြောင်းလဲပါပြီဆိုပြီး​ ပြော​နေ​ပေမယ့် ဘာမှ​မ​ပြောင်းလဲ​သေးဘူး။ အရင်ပုံစံအတိုင်းဘဲ ဆိုတာကို ပြသလိုက်တာပါပဲ။ ပ​​​ညာ​ရေးနဲ့ ပတ်​သက်​ပြီး အုပ်​ချုပ်​​ရေးမှူးတွေပိုင်းက အခုအချိန်​ထိ ဝင်​​ရောက်​စွက်​ဖက်​​နေတုန်းပါပဲ။ ​ကျောင်းထဲမှာ​တောင်​မှ အခုလိုမျိုး ဝင်​​ရောက်​ဖမ်းဆီးနေတုန်းပဲဆိုတာ ဒီမိုက​ရေစီလမ်း​ကြောင်ကို သွား​နေပါတယ်​ဆိုတဲ့ လမ်း​ကြောင်းမှာ ဒါဟာအခုအချိန်အထိ ဒီအုပ်​​ရေးပိုင်းက ဝင်​​ရောက်​စွက်​ဖက်​မှုတွေ ရှိ​သေးတယ်ဆိုတာကို ပြသလိုက်​တာ”လို့ ​ပြောပါတယ်​။

ပညာ​ရေးစရိတ်​တိုးမြှင့်​​ပေး​ရေး တိုက်​ပွဲ​ကော်​မတီဝင်​ ၇ ဦးအနေနဲ့ ​တွေ့ဆုံ တိုင်​ပင်​​ဆွေး​နွေးပြီး​ ရှေ့ဆက်​တိုက်​ပွဲကို အရှိန်​မြှင့်လုပ်​​ဆောင်​သွားမယ်​လို့​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013