DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့ စားသောက်ဆိုင် မီးလောင်၊ အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
January 25, 2018
ရွှေကျင်မြို့ စားသောက်ဆိုင် မီးလောင်၊ အမျိုးသမီး ၁ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ ဒီနေ့မနက် ၃ နာရီခွဲလောက်က ဂစ်တာ စားသောက်ဆိုင်မှာ မီးလောင်မှုဖြစ်ပွားပြီး  အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးရုံးက သိရပါတယ်။

ရွှေကျင်မြို့၊ ရှမ်းကြေးရပ်ကွက် ဂီတာစားသောက်ဆိုင် အောက်ထက်ရှိ ရေခဲသေတ္တာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မီးလောင်ရာနေရာကို ရွှေကျင်မြို့နယ်နဲ့ မဒေါက်နယ်မြေမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး မနက် ၄ နာရီ ၄၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ရွှေကျင်မြို့နယ် မီးသတ်စခန်းက ဒုမီးသတ်ဦးစီးမှူး ဦးဇော်ညီညီက ပြောပါတယ်။

မီးလောင်မှုကြောင့် အုတ်ကာ သွပ်မိုး ပျဉ်းခင်း နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်အတွင်းရှိ မခက်ခက်ဖူးဝေ (၂၆-နှစ်)ဟာ မီးလောင်ပြင်မှာ သေဆုံးသွားခဲ့ကာ နေအိမ် ပျက်စီးဆုံးရှုံးမှု တန်ဖိုး သိန်း ၁၅၀ လောက်ရှိတယ်လို့ သိရပါတယ်။

ဒုမီးသတ်စခန်းမှူး ဦးဇော်ညီညီလွင်က “သတင်းပေး နောက်ကျတယ်ပေါ့နော်။ ကျနော်တို့ ရောက်သွားတော့ မီးတောက်အခြေအနေကို ကြည့်တဲ့အခါ တအိမ်လုံးလိုလို လောင်နေပါပြီ။ ကျနော် ခန့်မှန်းကြည့်သလောက်တော့ ၂ နာရီခွဲလောက်မှာ စတင်လောင်တယ်လို့ ထင်တယ်။ အမျိုးသမီးတဦး သေဆုံးသွားခဲ့တယ်။ ဘာကြောင့် သေဆုံးသွားတယ် ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဆေးရုံက ဒီမနက် ၈ နာရီ ခွဲမှ ရင်ခွဲရုံဝင်တယ်။ အဲဒီအတွက် ဆေးစာမထွက်သေးတော့ ဘာကြောင့် သေတယ် ဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး ရွှေကျင်မြို့မရဲစခန်းက ဂစ်တာစားသောက်ဆိုင် မန်နေဂျာ  ကိုဇော်မိုးကို လူသေဆုံးစေတဲ့အထိ လျှပ်စစ်မီး ပေါ့ဆစွာ သုံးစွဲမှုနဲ့ အမှုဖွင့်ဖို့ စစ်ဆေးနေပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013