DVB Logo
Home
မြန်မာသတင်း
ဝါး အ​ခြေခံ တန်​ဖိုးမြှင့်ထုတ်​ကုန်​ လက်​​တွေ့လုပ်​​ဆောင်​မှုသင်​တန်း ​ဖွင့်လှစ်
DVB
·
January 25, 2018
ဝါး အ​ခြေခံ တန်​ဖိုးမြှင့်ထုတ်​ကုန်​ လက်​​တွေ့လုပ်​​ဆောင်​မှုသင်​တန်း ​ဖွင့်လှစ်
1 / 5
Donate to DVB

ဝါးအ​ခြေခံတန်​ဖိုးမြှင့်ထုတ်​ကုန်​ လက်​​တွေ့လုပ်​​ဆောင်​မှုသင်​တန်းကို ပဲခူးတိုင်း​ဒေသကြီး  ​ပန်း​တောင်းမြို့နယ် ​ဥသျှစ်​ပင်​မြို့၊ ဓမ္မ​ထေရီ​ တောရ​ကျောင်းတိုက်​မှာ ​ဇန်​နဝါရီ ၂၂ ရက်​​နေ့ကစပြီး ၅ ရက်ကြာ ​ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

သမားရိုးကျ ဝါးအသုံးပြုမှုထက်​ ဝင်​​ငွေပိုမိုရရှိနိုင်​​တဲ့ တန်​ဖိုးမြှင့်ထုတ်​ကုန်​ ထုတ်​လုပ်​နိုင်ဖို့​ ACDD ဒီမိုက​ရေစီ ဖွံ့ဖြိုးတိုးတက်​​ရေး လှုပ်​ရှား​ဆောင်​ရွက်​မှု ​ကော်​မတီက ကိုရဲ​ကျော်​သူ ဦး​ဆောင်​ပြီး နည်းပညာ ကျွမ်းကျင်​သူ ဆရာတွေက သင်​တန်းသား သင်​တန်းသူ ၁၈ ဦးကို သင်ကြားပေးနေတာပါ။

ဝါးတန်ဖိုးမြှင့် ထုတ်​ကုန်​နဲ့ ဝါးစိုက်​ပျိုးမှုကို ဒီ​ဒေသက လူ​တွေ ပိုမိုသိရှိလာ​အောင် ​ရည်​ရွယ်​ပြီး လုပ်ဆောင်တာ ဖြစ်တယ်လို့ သင်​တန်းစီစဉ်​သူ ကိုရဲ​ကျော်​သူကပြောပါတယ်။

“​လူ​အများစုက ဝါးကို အကြမ်းပဲ သုံးတတ်​တာ။ မိုးဦးကျဆို မျှစ်​ချိုးတယ်​။ ဝါးအသုံးဝင်​မှန်း သိ​ပေမယ့် စိုက်​ပျိုးလို့ရမှန်း သိသူ နည်းတယ်​။ ဝါးပိုးဝါးတလုံးကို ၃၈၀၀ ကျပ်​​ ပေးရတယ်။ ​ပေ ၂၀ ဝန်းကျင်​​ပေါ့။ ပန်းအိုးက​ ပေါ်လစ်​တင်​ပြီး အ​ချောကို ​ပေါက်​​ဈေး ၄၀၀၀ ကျပ်​ ရှိတယ်​။ ဝါးတလုံးကို ပန်းအိုး ၁၅ လုံး အနည်းဆုံး ရတယ်​။ ပြည်​တွင်း​ဈေးကွက်​​တော့ ခိုင်​​အောင် ရှာရမယ်”

သင်တန်းဆရာတွေအဖြစ် အင်းလေးနဲ့ မကွေးဒေသက ဝါးပန်းပုပညာရှင်တွေက လာရောက် သင်ကြားပေးနေကြတာဖြစ်ပါတယ်။

အင်း​လေး​ဒေသက ဝါးပန်းပုကျွမ်းကျင်​သူ  ဦး​ကျော်​​ဇေယျက “ကျ​နော်​က အင်းထဲက လာတာပါ။ အင်း​လေးမှာ ဝါးပန်းပုအနုပညာဆိုင် ​ဖွင့်ထားပါတယ်​။ ဆိုင်​နာမည်​က ဇလပ်​ဖြူပါ၊ နိုင်​ငံခြားသား အဝင်​အထွက်​ များတယ်။ ​​ရောင်းရပါတယ်​။ ပန်းအိုးက တကယ်​ တင်းတင်းရင်းရင်း လုပ်​ရင်​ တ​နေ့ကို ၁၅ လုံး​လောက်​ ပြီးတယ်​”လို့  ​ပြောပါတယ်​။

မ​ကွေးမြို့က ဝါးပန်းပုပညာရှင် ​ဦးဉာဏ်​မြင့်မောင်​က “သင်​တန်းဆရာ ဆိုတာထက်​ ပံ့ပိုးကူညီတာပါ။ ဒီ​နေ့က​တော့ ဝါးနဲ့ ပန်းအိုး အလှပန်းပု​ပေါ့​။ နောက်​​နေ့​တွေမှာ မီးအိမ်​၊​ ရေခွက်​၊ ချိုင့်၊ တစ်ရှူးဘူး စတဲ့ အိမ်​အသုံးအ​ဆောင်​လုပ်​နည်း​တွေ ဆက်သင်​သွားမှာပါ”လို့  ​ပြောပါတယ်​။

သင်​တန်းကို ချင်းပြည်​နယ်​၊ ကန်​ပက်​လက်​က ၄ ဦး၊ ​ဒေသခံ ၁၄ ဦးတို့ တက်​​ရောက်​​နေပြီး ဇန်​နဝါရီ ၂၆ ရက် ည​နေမှာ ပြီးဆုံးမယ်​လို့ သိရပါတယ်​။

သတင်း - ​နေမှူးလူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013