မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဝင်ငွေခွန်အများဆုံး ပေးဆောင်
ပိုင်စိုး
·
January 25, 2018

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတွေထဲမှာ ဝင်ငွေခွန် အများဆုံး ပေးဆောင်ထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
၂၀၁၆-၁၇ စည်းကြပ်နှစ်အတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ ကျပ်သန်းပေါင်း ၁ သိန်းနဲ့အထက် ဝင်ငွေခွန်ပေးထားပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ မြန်မာ့သစ်လုပ်ငန်းတို့ဟာလည်း ကျပ်သန်းပေါင်း ၁ သိန်းနဲ့အထက် ဝင်ငွေခွန် ပေးသွင်းထားတာပါ။
မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းကတော့ ကျပ်သန်းပေါင်း ၂ သောင်းနဲ့ အထက် ဝင်ငွေခွန် ပေးသွင်းတယ်လို့ ဖော်ပြထားပါတယ်။
ကျပ်သန်း ၂ သောင်းအောက် ပေးသွင်းတဲ့ လုပ်ငန်းတွေထဲမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ လုံခြုံရေးနဲ့ဆိုင်သော ပုံနှိပ်လုပ်ငန်း၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လုပ်ငန်းတို့ ပါဝင်ပါတယ်။
ကျပ်သန်း ၁ သောင်းအောက် ပေးသွင်းတဲ့ လုပ်ငန်းတွေထဲမှာ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း စတာတွေ ပါနေပါတယ်။
ဝင်ငွေခွန် အလွှာတွေကို ကျပ်သန်း ၅ ထောင်အောက်၊ ကျပ်သန်း ၅၀၀ အောက်နဲ့ ကျပ်သန်း ၅၀ အောက်လို့လည်း ခွဲခြားဖော်ပြထားပါတယ်။
ပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေး၊ တပ်မတော် ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း စတာတွေကတော့ ကျပ်သန်း ၅၀ အောက် ဝင်ငွေခွန် ပေးထားတယ်လို့ ဆိုပါတယ်။ ဝင်ငွေခွန် အများဆုံး ပေးဆောင်ခဲ့တဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းပေါင်း ၃၂ ခု ရှိပါတယ်။
ဓာတ်ပုံ - MOGE