DVB Logo
Home
မြန်မာသတင်း
သြစတြီးယားချေးငွေ ယူရို ၅ သန်းဖြင့် ရခိုင်တွင်တံတားဆောက်ရန် လွှတ်တော်အတည်ပြု
DVB
·
January 24, 2018
သြစတြီးယားချေးငွေ ယူရို ၅ သန်းဖြင့် ရခိုင်တွင်တံတားဆောက်ရန် လွှတ်တော်အတည်ပြု
Donate to DVB

 

သြစတြီးယားနိုင်ငံက ချေးငွေ ယူရို ၅ သန်းနဲ့ ရခိုင်ပြည်နယ်အတွင်း ကင်းချောင်းတံတား တည်ဆောက်ဖို့ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ဇန်န၀ါရီ ၂၄ရက်  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကင်းချောင်းတံတား တည်ဆောက်ရေးအတွက် Steel Truss ၀ယ်ယူဖို့ သြစတြီးယားနိုင်ငံက Unicredit Bank ကနေ ယူရို ၅ သန်း ချေးယူဖို့ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်တာပါ။

ဒီချေးငွေနဲ့ ရခိုင်ပြည်နယ်၊ ဇင်ချောင်း-ကင်းမြောက်-လေးတောင်လမ်းပေါ်ရှိ အရှည် ၁၂၅၆ ပေရှိတဲ့ ကင်းချောင်းတံတားကို တည်ဆောက်သွားမှာဖြစ်ပါတယ်။ သြစတြီးယားနိုင်ငံက Unicredit Bank ကနေ ချေးငွေယူရို ၅ သန်းနဲ့ တည်ဆောက်ရေးအတွက် သုံးမယ့် တံတားသံပေါင်တွေကို သြစတြီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ MCE GmbH ကနေ ၀ယ်ယူသွားမှာဖြစ်ပါတယ်။

သံပေါင်ဈေးနှုန်းဟာ တစ်ပေကို ကျပ် ၅ ဒသမ ၄၅ သန်းရှိပြီး အာရှနိုင်ငံထုတ် သံပေါင်တွေထက် သက်တမ်းပိုပြီး အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

“လက်ရှိ ငွေလဲနှုန်းနဲ့တွက်ချက်မှုအရ အာရှဒေသရှိ သံပေါင်ဈေးနှုန်းတွေထက် မြင့်မားနေ ပေမယ့် ထိန်းသိမ်းစရိတ်နည်းပြီး ရေရှည်အသုံးပြုနိုင်သလို ဥရောပသံပေါင်တပ်ဆင် နည်းပညာ တွေ မြန်မာအင်ဂျင်နီယာတွေ ရရှိမှာဖြစ်ပါတယ်။ တံတားကလည်း ဆားငံရေ အမြဲထိတွေ့နေရတဲ့ ပင်လယ်ဝမှာရှိလို့ ရာသီဥတုဒဏ်ခံနိုင်တဲ့ သံမဏိသားနဲ့ စံချိန်စံညွန်းကောင်းတဲ့ သုတ်ဆေးကို သုံးထားတဲ့ ဥရောပထုတ် သံပေါင်ကို အသုံးပြုလိုခြင်းဖြစ်ပါတယ်”

ချေးငွေမှာ ဆိုင်းငံ့ကာလ ၈ နှစ်၊ ပြန်ဆပ်ကာလ ၁၇ နှစ်၊ စုစုပေါင်း ၂၅ နှစ်ပါတယ်။ ချေးငွေမှာ အတိုးမဲ့ချေးငွေ ဖြစ်ပေမယ့် အာမခံကြေးအနေနဲ့ ပေးဆပ်ဖို့ ကျန်တဲ့ချေးငွေပမာဏရဲ့ သုည ဒသမ ၉ ရာခိုင်နှုန်းကို နှစ်စဉ်ပေးချေရမှာဖြစ်ပါတယ်။

ချေးငွေကို အားလုံးပြန်ဆပ်ဖို့မလိုဘဲ ချေးငွေရဲ့ ၈၅ ရာခိုင်နှုန်းဖြစ်တဲ့ ယူရို ၄ ဒသမ ၂၅ သန်းသာ ပြန်လည်ပေးဆပ်ရမှာဖြစ်ပြီး ယူရို သုည ဒသမ ၇၅ သန်းမှာ ပြန်လည်ပေးဆပ်ဖို့ မလိုဘူးလို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက လွှတ်တော်မှာ ရှင်းလင်းပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013