DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်မြို့နယ်တွင်း ၂ ရက်ဆက်တိုက် မီးလောင်၊ လူပေါင်း ၃၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
DVB
·
January 24, 2018
နမ့်ဆန်မြို့နယ်တွင်း ၂ ရက်ဆက်တိုက် မီးလောင်၊ လူပေါင်း ၃၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်မှာ ယမန်နေ့နဲ့ ဒီကနေ့ ၂ ရက်အတွင်း မီးလောင်မှုဆက်တိုက်ဖြစ်ပွားပြီး စုစုပေါင်း နေအိမ် ၇ လုံး မီးလောင်ကာ လူပေါင်း ၃၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားပါတယ်။

ဒီကနေ့ နေ့ခင်း ၁၂ နာရီကျော်က  နမ့်ဆန်မြို့စွန် ငွန်ဆိုင်းကျေးရွာအုပ်စု ငွန်ဆိုင်း ကျေးရွာမှာ ဦးအိုက်သိန်းဆိုသူရဲ့နေအိမ်ကနေ မီးစလောင်ပြီး အချိန်အနည်းငယ်အတွင်း အိမ်ပေါင်း ၆ လုံး ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ကော်မတီဝင် ဦး သိန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။

“မီးလောင်တော့ မီးသတ်ကား ၂ စီးရောက်လာပါတယ်ခင်ဗျ။ ဒါပေမယ့် လမ်းကကျဉ်းတော့ မီး သတ်ရတာ အခက်အခဲရှိတယ်။ ကျနော်တို့ဆီမှာ အခုချိန်ရေလည်းရှားတော့  နေအိမ် ၆ လုံးထိ ကူးသွားတယ်။ အိမ်အကုန်လုံးက  နှစ်ထပ်ပျဉ်ထောင်အိမ်၊ သွပ်မိုး အိမ်ကြီးအိမ်ကောင်းတွေ၊   မီးကူးတာမြန်တော့ ဘာပစ္စည်းမှ မရလိုက်ပါဘူး။  အိမ်ထောင်စု ၉ စုက လူပေါင်း ၃၀ ကျော် နေစရာ မရှိတော့ဘူး၊ လောလောဆယ် နီးစပ်ရာအသိအိမ်တွေမှာ ခွဲပြီးနေကြတယ်။”

မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး အိမ်ရှင်ရဲ့မြေးဖြစ်သူ ၅ နှစ်ရွယ် သူငယ်တန်း ကျောင်းသားလေးက မီးခြစ်နဲ့စက္ကူရှို့ကစားရာက စလောင်တယ်လို့ ပြောပေမယ့် ရဲစခန်းကတော့ ဖြစ်ရပ်မှန်ဆက်ပြီး စုံစမ်းမေးမြန်းနေဆဲဘဲလို့ ဆိုပါတယ်။

နမ့်ဆန်မြို့နယ်ထဲမှာ မနေ့ကလည်း မြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ ကျောက်ဖြူ ကျေးရွာအုပ်စု လွယ်ဆမ်ဆစ်ရွာမှာလည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ၀ါယာရှော့တ်ဖြစ်ပြီး လောင်ကျွမ်းတယ်လို့ သိရကာ နှစ်ထပ်ပျဉ်ထောင် သွပ်မိုး နေအိမ်တစ်လုံး ဆုံးရှုံးခဲ့တယ်လို့ ဦးသိန်းဇော်က ပြောပါတယ်။

နမ့်ဆန်မြို့မှာ  မနှစ်တစ်နှစ်ကလည်း မီးအကြီးအကျယ်လောင်ကျွမ်းခဲ့လို့  သူတို့ဒေသဦးစီး အဖွဲ့အနေနဲ့ မီးဘေးအန္တရာယ်ကာကွယ်ရေး ပညာပေးတွေလုပ်နေတဲ့ကြားက အခုလို မီးထပ်လောင် နေတာဖြစ်ကြောင်း၊  အခုချိန်နွေရာသီလည်း နီးလာပြီဖြစ်သလို ရေရှားပြီး လန်းပမ်း ဆက်သွယ်ရေး ခက်ခဲတာကြောင့် မီးသတိပြုရေးအရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ဦးသိန်းဇော်က ပြောသွားပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013