DVB Logo
Home
မြန်မာသတင်း
ပလတ်စတစ် ဆိုးကျိုး ရန်ကုန်မြို့တွင် လူငယ်များ စကားဝိုင်းဖွဲ့ ဆွေးနွေး
DVB
·
January 24, 2018
ပလတ်စတစ် ဆိုးကျိုး ရန်ကုန်မြို့တွင် လူငယ်များ စကားဝိုင်းဖွဲ့ ဆွေးနွေး
1 / 3
Donate to DVB

ပလတ်စတစ်တွေ သုံးတာကြောင့် ကမ္ဘာမြေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ လူငယ်တွေ စကားဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပေးတဲ့ ရန်ကုန်မြို့အခြေစိုက် Connect University ရဲ့ Public Speaking Club မှာ ဇန်နဝါရီ ၂၄ ရက်ညနေက ဆွေးနွေးခဲ့ကြတာပါ။

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့ လူငယ်တွေ တက်ရောက်ခဲ့ပြီး ဟားဗတ်ပညာရေးဝက်ဆိုက်ရဲ့ Promising Solution to Plastic Pollution ဆောင်းပါးကို ဖတ်ရှုဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပလတ်စတစ်တွေဟာ ပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်တွေအပေါ် ဆိုးကျိုး သက်ရောက်တာကြောင့် တချို့နိုင်ငံတွေမှာ ပလတ်စတစ်သုံးတာကို  တားဆီးဖို့နဲ့ အစားထိုးဖို့ ကြိုးစားနေကြပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ မြို့ရွာအနှံ့ ပလတ်စတစ်ကို နေ့စဉ် သုံးနေကြပါတယ်။

လူသုံးပစ္စည်းတွေဖြစ်တဲ့ စက္ကူ၊ သစ်ရွက်၊ သစ်သား၊ ဝါး စတဲ့ ပစ္စည်းတွေဟာ စွန့်ပစ် လိုက်ရင် မြေဆွေးအဖြစ် ပျက်စီးသွားပေမယ့်လည်း စွန့်ပစ်ပလတ်စတစ်နဲ့ ဘူးခွံတွေကတော့ နှစ်ရာချီပြီး မပျက်စီးနိုင်တဲ့အတွက် ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်စေတယ်လို့ သဘာဝပတ်ဝန်းကျင် လေ့လာသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013