DVB Logo
Home
မြန်မာသတင်း
လားဟူတိုင်းရင်းသား ရိုးရာနှစ်​သစ်​ကူးပွဲ​တော်​ ​မိုင်းတုံမြို့နယ်​တွင် တပတ်​ကြာကျင်းပ
DVB
·
January 24, 2018
လားဟူတိုင်းရင်းသား ရိုးရာနှစ်​သစ်​ကူးပွဲ​တော်​ ​မိုင်းတုံမြို့နယ်​တွင် တပတ်​ကြာကျင်းပ
1 / 6
Donate to DVB

 

ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်​မှာ တပို့တွဲလဆန်း ၁ ရက်​​နေ့ကနေ ၇ ရက်​​နေ့အထိ လားဟူတိုင်းရင်းသားရိုးရာဓ​လေ့ နှစ်​သစ်​ကူးပွဲ​တော်​ကို​ ဒေသခံလားဟူ တိုင်းရင်းသား​တွေ စု​ပေါင်းပြီးကျင်းပပါတယ်​။

ပွဲ​တော်​ကျင်းပရာကွင်းမှာ ရိုးရာဓ​လေ့အရ ယစ်​နတ်​ပူ​ဇော်​ထားရှိပြီး တ​နယ်​လုံးမှာရှိတဲ့ လားဟူတိုင်းရင်းသား​တွေက​ ကျေးရွာအုပ်​စုအလိုက်​ အပြန်​အလှန်​သွားလာပြီး အကြီးအကဲ သက်​ကြီးရွယ်​အိုတွေကို လက်​​ဆေးမင်္ဂလာဆင်​နွှဲ နှစ်​သစ်​အတွက် ​ဆုမွန်​​ကောင်း​တောင်းကြတဲ့ ရိုးရာအစဉ်​အလာပွဲ​တော်​ဖြစ်​ပါတယ်​။

လားဟူတိုင်းရင်းသား ​ယဉ်​​ကျေးမှု​ကော်​မတီဝင်​ ဦးကျဟယ်​သဲ က​ “နှစ်​သစ်​ကူးပွဲ​တော်​ကို ၇ ရက်​ သတ်​မှတ်​ထားပြီး တ​ရွာနဲ့တ​ရွာ တ​အုပ်​စုနဲ့တ​အုပ်​စု လှည့်လည်​သွားလာပြီး တိုင်းရင်းသား ​တွေ ချစ်​ခင်​ရင်းနှီးစည်းလုံးကြဖို့နဲ့ ဝက်​သား​ခေါပုတ်​​တွေနဲ့ ကုသိုလ်​လုပ်​ကြတာပါ။ ပွဲ​တော်​ကို ၇ ရက်​သတ်​မှတ်​ထားတာက ​ရှေးတုန်းက​ ယောက်ျား​တွေ စစ်​တိုက်​သွား​နေတဲ့အခါ ထင်းရှူးပင်​က အဖူးအညွန့်​​လေး​တွေထွက်​တဲ့ အခုလို ရာသီနှစ်​သစ်​ကူး အချိန်​မှာ ကျန်​ရှိ​နေတဲ့မိန်းမ​တွေက နှစ်​သစ်​ကူးပွဲလုပ်​ခဲ့ကြတယ်​။ ပွဲ​တော်​ ​လေးရက်​​မြောက်​​နေ့မှာ ​ယောက်ျား​တွေပြန်​​ရောက်​လာ​တော့ ထပ်​ပြီးလုပ်​ကြရာက​နေ မိန်းမနှစ်​သစ်​ကူး ၄ ရက်၊ ​​ယောက်ျား နှစ်​သစ်​ကူး ၃ ရက်​ဆိုပြီး ဓ​လေ့ထုံးစံဖြစ်​​ပေါ်လာတာပါ”လို့ ပြောပါတယ်​။

ပွဲ​တော်​ရက်​အတွင်း ရိုးရာဓ​လေ့ ချည်​ထုပ်​ပစ်​ဖမ်းကစားတာ၊ ရိုးရာဂျင်​​ပေါက်​ ကစားတာနဲ့ ဒိုးပစ်​ကစားတာတွေကို​ ကျေးရွာအလိုက်​ ယှဉ်​ပြိုင်​ကစားခဲ့ကြပြီး တိုင်းရင်းသား​ ခေါင်း​ဆောင်​အကြီးအကဲတွေနဲ့ ယဉ်​​ကျေးမှု​ကော်​မတီက ဆုတွေချီးမြှင့်ပေးခဲ့ပါတယ်​။

ပွဲ​တော်​​နောက်​ဆုံးရက်​မှာ​ တိုင်းရင်းသား​ခေါင်း​ဆောင်​အကြီးအကဲတွေသာမက မြို့နယ်​ အတွင်းမှာရှိတဲ့ ရို​သေ​လေးစားထိုက်​သူအားလုံးကို လှည့်လည်​သွားလာ လက်​​ဆေးကန်​​တော့ပြီး ​ကောက်​ပဲသီးနှံတွေ ​အောင်​မြင်​ဖြစ်​ထွန်းပါ​စေ​ကြောင်း ဆုမွန်​​ကောင်း​တောင်း​ခံတဲ့ ရိုးရာဓ​လေ့ လည်း ဖြစ်​ပါတယ်။

သတင်း - ကျော်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013