DVB Logo
Home
မြန်မာသတင်း
ပရိသတ် အားပေးမှုနဲ့ ဝေဖန်မှုများကြား လမ်းခွဲထွက်လာသည့် “ဥပါယ်တံမျဉ်” (ရုပ်ရှင်နမူနာ)
DVB
·
January 24, 2018
ပရိသတ် အားပေးမှုနဲ့ ဝေဖန်မှုများကြား လမ်းခွဲထွက်လာသည့် “ဥပါယ်တံမျဉ်” (ရုပ်ရှင်နမူနာ)
Donate to DVB

အမျိုးသမီး လူငယ်ဒါရိုက်တာအသစ်၊ သရုပ်ဆောင်သစ်တွေ အများစုနဲ့ သတ္တိရှိရှိ အသွင်သစ်နဲ့ရိုက်ကူးလာတဲ့ “ဥပါယ်တံမျဉ်” မြန်မာရုပ်ရှင်ကားဟာ လတ်တလော အွန်လိုင်းပေါ်မှာရော၊ ပရိသတ်တွေကြားမှာပါ အားပေးမှုတွေနဲ့အတူ ဝေဖန်မှု၊ ချီးကျူးမှုတွေနဲ့ အုတ်အော်သောင်းတင်း ဖြစ်နေခဲ့ပါတယ်။

တချို့ကလည်း ဒါကို အပြုသဘောဆောင်တဲ့ အမြင်နဲ့ မြန်မာ့ရုပ်ရှင်ရဲ့ ကောင်းမွန်တဲ့ အနာဂတ်အလားအလာကို ဖော်ဆောင်နိုင်မယ့် ဇာတ်ကားအဖြစ် ရှုမြင်ကြိုဆိုအားပေးနေကြပြီး တချို့ ဝေဖန်မှုတွေလည်း အပြင်းအထန် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ထုတ်လုပ်တဲ့ ရုပ်ရှင်ကုမ္ပဏီကိုတော့ Central Base Productions လို့ ဖော်ပြပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးပုံဖော်ပေးထားတဲ့ ဒီရုပ်ရှင်ကားကြီးမှာ ၀ါရင့်သရုပ်ဆောင် အကယ်ဒမီမင်းဦးနဲ့ သက်မွန်မြင့်တို့ကလွဲပြီး တခြား နာမည်ကြီးသရုပ်ဆောင်တွေ မပါဘဲ အသစ်တွေကို ပွဲထုတ်ထားတာကလည်း ထူးခြားမှုတခု ဖြစ်နေခဲ့ပါတယ်။

ဇာတ်လမ်းကျောရိုးအရ ပုံမှန်မြင်တွေ့နေကျ အိမ်ထောင်ရေး ဖောက်ပြန်မှု ဇာတ်လမ်းတပုဒ်သာ ဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် တကယ့်ကို ထင်မှတ်မထားတဲ့ လှည့်ကွက်တွေနဲ့ ဖန်တီးထားတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရုပ်ရှင် အမျိုးအစား ဖြစ်နေတာကလည်း ဆွဲဆောင်မှုတခုအဖြစ် ကြည့်ရှုသူတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

အဓိကသရုပ်ဆောင်အဖြစ် ပါဝင်လာတဲ့ ဇဏ်ခီ၊ အောင်မြင့်မြတ်တို့ဟာ အသစ်တွေ ဖြစ်ပေမယ့် ဇာတ်ညွှန်းနဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အပိုအလိုမရှိ သရုပ်ဆောင်နိုင်ခဲ့သလို ထိုင်းသရုပ်ဆောင် မင်းသမီး Kaew Korravee ရဲ့ စွဲမက်စရာ သရုပ်ဆောင်ချက်တွေနဲ့ တခြားဇာတ်ပို့ သရုပ်ဆောင်တွေရဲ့ ပံ့ပိုးပေးနိုင်မှုကလည်း ဒီဇာတ်ကားကို ရုပ်လုံးပိုကြွလာစေခဲ့ပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီကတော့ ဒီရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ခုလိုရေးသားခဲ့တာပါ။

“ကိုယ်မအောင်မြင်ခဲ့ရင် ငွေအရမ်းရှုံးလို့ ဆက်ရိုက်ခွင့် မရှိတော့ရင်တောင် လူသစ်တွေ နေရာရစေချင်ပါတယ်။ ကောင်းမွန်တဲ့ ကြိုးစားစေတနာထားသူ အနုပညာသမားတိုင်းကို အားပေးပါတယ်။ အသစ် အဟောင်းအားလုံးကိုပါ။ အားပေးနေတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောတာနဲ့ မလုံလောက်ပေမယ့် ဘယ်တော့မှ မမေ့ဘူး ဆိုတာ ယုံပါနော်။”

ကလော၊ ငပလီနဲ့ ရန်ကုန်တို့မှာ အချိန် ၃ လကြာ ပြင်ဆင်ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ကားကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ စတင်ပြီး ခက်ခက်ခဲခဲ ရုံတင်ပြသခွင့်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကြည့်ရှုသူတွေကြား အားပေးမှုတွေနဲ့ လူပြောများနေခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံ - Deception - ဥပါယ်တံမျဉ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013