DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် ဝါယာရှော့ဖြစ်ပြီး ခရီးသည်တင် Express ကား မီးလောင်
DVB
·
January 24, 2018
အမြန်လမ်းတွင် ဝါယာရှော့ဖြစ်ပြီး ခရီးသည်တင် Express ကား မီးလောင်
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၇၆/၀အနီး ပျော်ဘွယ်မြို့နယ်မှာ မနေ့ညနေက မန္တလေးဘက်ကို မောင်းလာတဲ့ စည်းစိမ်ရှင်ခရီးသည်တင် Express ကားဝါယာရှော့ ဖြစ်ရာမှ ကား ၁ စီးလုံး မီးလောင်သွားပေမယ့် လူတွေတော့ ထိခိုက်ဒဏ်ရာမရကြပါဘူး။

ပေပင်လေး အမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူတဦးက “မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်နေ ကိုအောင်မင်းနိုင် မောင်းလာတဲ့ ခရီးသည်တင် Express ကား အင်ဂျင်ခန်းထဲက ဝါယာရှော့ဖြစ်ပြီး ကား ၁ စီးလုံး မီးလောင်သွားပါတယ်။ ကားပေါ်မှာ လိုက်လာတဲ့ ယာဉ်မောင်းပါ ‎ ၃ ဦးလုံး ဒဏ်ရာမရကြပါဘူး”လို့ ဆိုပါတယ်။

ကားမီးလောင်မှုကို သီးကုန်းအမြန်လမ်း မီးသတ်တပ်ဖွဲ့ မိတ္ထီလာမီးသတ်တပ်ဖွဲ့၊ ပျော်ဘွယ် မီးသတ်တပ်ဖွဲ့တွေ လာရောက်မီးငြှိမ်းသတ်ခဲ့တယ်လို့ ပေပင်လေး အမြန်လမ်းမီးသတ်ဦးစီး ဦးအောင်ချမ်းက ပြောပါတယ်။

“မီးသတ်တပ်ဖွဲ့ဝင် ၄၀ လောက်နဲ့ မီးသတ်ယာဉ် ၆ စီး သုံးရတယ်။ ရေဂါလံ ၆၀၀၀ လောက် သုံးတယ်။ အဲဒီကားပေါ်က မီးသတ်ဆေးဘူး ၂ လုံးကို သုံးပြီး မီးငြှိမ်းကြတယ်။ မနေ့ကတည်းက ကားပျက်လို့ ခရီးသည်တွေ ကားပြောင်းပေးလိုက်တော့ ခရီးသည်တွေမပါဘဲ ယာဉ်မောင်းပါ ၃ ဦးပဲ ကားပေါ် ပါလာတယ်"

ကားမီးလောင်သွားတဲ့အတွက် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်း ၁၅၀ လောက် ရှိမယ်လို့လည်း ခန့်မှန်းပါတယ်။

အဲဒီမီးလောင်မှုနဲ့ပတ်သက်လို့ ယာဉ်မောင်း ကိုအောင်မင်းနိုင်ကို  မီးလောင်မှု၊ ယာဉ်ဆင်မခြင် ပေါ့ဆစွာ မောင်းမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅/၂၇၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013