DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 24, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဧည့်မထ ၂၅ မှတ်
ဝါးတန်းကုန်စည်ဒိုင်မှာ ဧည့်မထ ၂၅ မှတ်တန် ဆန်က ၁ အိတ်ကို ၃၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၁၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၉,၅၀၀ ရှိပါတယ်။

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၄၁,၅၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၈,၅၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၃၇၃,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၈,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၈၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၅၆၅ ကျပ်ကနေ ငွေကျပ် ၂,၀၀၀ ကျပ် ရှိပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ကြူကုတ်)က ၁ ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၁,၆၅၀ ကျပ် ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ငရုတ်ပွ
ငရုတ်ပွက ၁ ပိဿာကို ၅၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀,၅၀၀ ရှိပါတယ်။

ပြောင်းဆံ
ပြောင်းဆံကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၇၀ ကျပ်ကနေ ၅၉၅ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၃၅ ကျပ် ဈေးတက်လာပါတယ်။

အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂၀၀ ကျပ်ကနေ ၈၂၀ ကျပ် ရှိပါတယ်။

ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲက ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တရုတ်ဘက်ကနေ အဝင်နည်းတဲ့အတွက် ပြီးခဲ့တဲ့အပတ်က ဈေးတက်ခဲ့ပေမယ့် ဒီတပတ်မှာတော့ ဈေးကျဆင်းသွားခဲ့ပါတယ်။

တရုတ်ဘက်က ပုံမှန် ပြန်လည်ဝင်ရောက်လာတဲ့အတွက် ဈေးက အနည်းငယ် ကျဆင်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းကြက်သွန်ဖြူတွေကလည်း တရုတ်ကြက်သွန်နဲ့ နှိုင်းယှဉ်ရင် ဈေးမြင့်တဲ့အတွက် အရောင်းအဝယ် အေးပြီး ဈေးက ကျဆင်းနေခဲ့ပါတယ်။

နောက်ထပ် သီးနှံတခုကတော့ ဆန်ကြမ်းပဲ ဖြစ်ပါတယ်။ ကုန်စည်ဒိုင်တွေ ဆန်ကြမ်းတွေ အဝင်နည်းလာတဲ့အတွက် အရောင်းအဝယ်က သွက်လာပြီး ဈေးကလည်း တက်လာပါတယ်။

ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်ခဲ့တဲ့ ဧည့်မထ ၂၅ မှတ်တန်က တပတ်အတွင်း တအိတ်ကို ၁,၂၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။

ဆန်ကြမ်းအပြင် ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းမွှေးကလည်း ဒီတပတ်မှာ တအိတ်ကို ငွေကျပ် ၆,၀၀၀ လောက် ဈေးမြင့်တက်ခဲ့ပြီး တအိတ်ကို ၆၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၆,၆၀၀၀ အထိ ဈေးမြင့်တက်ခဲ့ပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013