DVB Logo
Home
မြန်မာသတင်း
တရားစီရင်ရာတွင် သက်သေ၊ ရဲနှင့်ရှေ့နေများမလာသဖြင့် အမှုများကြန့်ကြာနေ
DVB
·
January 24, 2018
တရားစီရင်ရာတွင် သက်သေ၊ ရဲနှင့်ရှေ့နေများမလာသဖြင့် အမှုများကြန့်ကြာနေ
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီအဖွဲ့က ခရိုင်အဆင့်ရှိတဲ့ ရန်ကုန်တိုင်းထဲက တရားရုံးတွေနဲ့ ဥပဒေရုံးတွေကို ကွင်းဆင်းလေ့လာနေပါတယ်။

ဇန်နဝါရီ ၂၂ ရက်က စတင်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်နဲ့ တောင်ပိုင်းခရိုင်က တရားရုံး ဥပဒေရုံးတွေကို ကွင်းဆင်းလေ့လာခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီအဖွဲ့က အနောက်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်ထဲက တရားရုံးနဲ့ ဥပဒေရုံးတွေ ကို တရားသူကြီးများအဖွဲ့ ဥပဒေအရာရှိအဖွဲ့တွေနဲ့အတူ အပြန်အလှန် ဆွေးနွေးကြရင်း ကွင်းဆင်းလေ့လာနေကြတာဖြစ်ပါတယ်။

တရားရုံးတွေမှာ အမှုတွေ ကြန့်ကြာနေရတာဟာ လိုပြသက်သေတွေ မလာတာ။ အမှုစစ်ရက်တွေမှာ ရှေ့နေတွေက ခွင့်ယူတာအပြင် ဆရာဝန်သက်သေတွေ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ ရောက်ရှိမလာတာကြောင့် ဖြစ်တယ်ဆိုတာကို ခရိုင်တရားသူကြီး တွေကပြောတဲ့အကြောင်း  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တရားစီရင်ရေး၊ ဥပဒေ စိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောပါတယ်။

တရားရုံးတွေ ဥပဒေရုံးတွေက လေ့လာတွေ့ရှိချက်တွေကို ကော်မတီရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ထည့်သွင်းပြီး အစိုးရအဖွဲ့ဆီ တင်ပြသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက်မှာတော့ တိုင်းအဆင့်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး တရားရုံးကို ကွင်းဆင်း လေ့လာသွားမယ်လို့ လည်း ကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013