DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့အပြင်ပတ်လမ်းများဖွံ့ဖြိုးရန်  ဖွံ့ဖြိုးမှုဇုန် (၇) ခုကိုရေးဆွဲနေ
DVB
·
January 24, 2018
ရန်ကုန်မြို့အပြင်ပတ်လမ်းများဖွံ့ဖြိုးရန်  ဖွံ့ဖြိုးမှုဇုန် (၇) ခုကိုရေးဆွဲနေ
Donate to DVB

 

လက်ရှိ ရန်ကုန်မြို့ဟာ လူဦးရေများပြား ကြပ်တည်းလာတာနဲ့အမျှ ထပ်မံတိုးချဲ့ဖို့ အခက်အခဲဖြစ်နေတဲ့အပေါ် မြို့အပြင်ပတ်လမ်းတွေဖွံ့ဖြိုးဖို့အတွက် ဖွံ့ဖြိုးမှုဇုန် (၇) ခုကို  ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ JICAက ရေးဆွဲထားပါတယ်။

ရန်ကုန်မြို့အပြင်ပတ်လမ်းဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့ JICAက ရေးဆွဲထားတဲ့စီမံကိန်းအတိုင်း စတင်ဆောင်ရွက်နေတယ်လို့ Eco Green City စီမံကိန်းတည်ဆောက်မှုနဲ့ပတ်သက်ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဋ္ဌာနက ဒုညွှန်ကြားရေးမှူး ဦးဇော်ဇော်အေးက လှည်းကူးမှာ မနေ့က  ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖွံ့ဖြိုးမှုဇုန်တွေကို လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တွံတေးမြို့နယ်၊ ထန်းတစ်ပင်မြို့နယ်၊ ဒလမြို့နယ်နဲ့ ကော့မှူးစတဲ့မြို့တွေကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဖို့ တွံတေးမြို့နယ်မှာ စတင် နေပြီး၊ လှည်းကူးမြို့နယ်မှာလည်း မြို့သစ်တည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဇန်န၀ါရီ ၂၀ ရက်က ဒလမြို့နယ်နဲ့ ကော့မှူးမြို့နယ်အတွင်း အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ကွင်းဆင်းလေ့လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013