DVB Logo
Home
မြန်မာသတင်း
မြန်မာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦး စာရင်း ထွက်ပေါ်
DVB
·
January 24, 2018
မြန်မာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦး စာရင်း ထွက်ပေါ်
1 / 2
Donate to DVB

၂၀၁၇ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံမှ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးစာရင်းကို http://indapaper.com ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ချမ်းသာဆုံး အမှတ်စဉ် ၁ နေရာမှာတော့ ဦးတေဇကို ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရှိတယ်ဆိုပြီး ဖော်ပြထားတာပါ။

အမှတ်စဉ် ၂ နေရာမှာတော့ ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံနဲ့ ဦးထွန်းမြင့်နိုင်ရှိနေပြီး သူ့နောက်မှာတော့ ဦးပြည်အောင်နဲ့ ဦးနေအောင်တို့က ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဘီလီယံနဲ့  ရပ်တည်နေတယ်လို့ ဆိုပါတယ်။

အမှတ်စဉ် ၄ နေရာမှာတော့ ဦးဇော်ဇော်ရှိနေပြီး ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဘီလီယံလို့ ဖော်ပြထားပါတယ်။

အမှတ်စဉ် ၅ နေရာမှာတော့ ဦးအောင်သက်မန်းလို့ ဖော်ပြထားကာ ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။

အမှတ်စဉ် ၆ နေရာမှာတော့ ဦးမိုက်ကယ်မိုးမြင့်က ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံနဲ့ ရပ်တည်နေပြီး သူ့နောက် အမှတ်စဉ် ၇ နေရာမှာတော့ ဦးနေဝင်းထွန်းက ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဘီလီယံနဲ့ အသီးသီး ရပ်တည်နေကြပါတယ်။

ဦးဌေးမြင့်ကတော့ ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနဲ့ အမှတ်စဉ် ၈ နေရာမှာ ရှိနေတာပါ။

အမှတ်စဉ် ၉ နေရာမှာတော့ ကြွယ်ဝချမ်းသာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံနဲ့ ဦးခင်ရွှေက ရပ်တည်နေပြီး အမှတ်စဉ် ၁၀ နေရာမှာတော့ ဦးအိုက်ထွန်းကို ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဓာတ်ပုံ-Indapaper

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013