DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းမြို့နယ် ကုလားချောင်းရွာ၌မီးလောင်မှုဖြစ်ပွား
DVB
·
January 24, 2018
လက်ပံတန်းမြို့နယ် ကုလားချောင်းရွာ၌မီးလောင်မှုဖြစ်ပွား
1 / 4
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် သာရဝေါတိုက်နယ် ကုလားချောင်းကျေးရွာမှာ ဇန်နဝါရီ ၂၃ ရက် ည ၈း၄၀ မိနစ်လောက်က ဦးစံလွင်နေအိမ်မှာ ထင်းမီးဖိုနဲ့ ထမင်းအိုးတည်ရာ မီးဖိုအမိုးပေါ်ရှိ ဓနိအမိုးကို မီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့တာကြောင့် လူနေအိမ် ၅လုံး မီးလောင်ဆုံးရှုံးသွားပါတယ်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးလင်းကျော်က “မီးလောင်မှုကြောင့် သွပ်/ဓနိမိုး၊ ထရံကာ လူနေအိမ် ၅လုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ လူဦးရေ ၁၆ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၁၄သိန်းခန့် ဆုံးရှုံးခဲ့ပါတယ်။ သာရဝေါအရံမီးသတ်တပ်ဖွဲ့နဲ့ ကျေးရွာနေပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် ည ၉ နာရီမှာ မီးငြိမ်းသွားခဲ့ပါတယ်" လို့ပြောပါတယ်။

မီးဝိုင်းဝန်းကူညီငြှိမ်းသတ်ပေးခဲ့တဲ့ကိုအောင်လှိုင်ဝင်းက “အိမ် ၅လုံးထဲ ပါသွားတယ်ဆိုပေမယ့် အတွင်းပစ္စည်းတွေကောဆို အားလုံး ကျပ်သိန်း၃၀၀ ဝန်းကျင်လောက် ဆုံးရှုံးမှုရှိပါတယ်။ တိုက်နယ်တစ်ခုဖြစ်ပေမယ့် မီးသတ်ကားတောင်းထားတာ မရသေးပါဘူး။ တကယ့်တကယ် မီးလောင်ပြီဟေ့ဆိုတော့ မီးသတ်ကားမရှိ၊ မီးငြှိမ်းသတ်နိုင်တဲ့ အထောက်အကူပစ္စည်းတွေမရှိဘူး။ အစိုးရမီးသတ်တပ်ဖွဲ့ဝင်တွေလည်းမရှိဘူး။ အခုလည်း ဒေသခံရွာသူရွာသားတွေ ညီညွတ်လို့ အဲ့ဒီလောက်ပဲ ဆုံးရှုံးရတာပါ။” လို့ ပြောပါတယ်။

မီးလောင်မှုနဲ့ ပက်သတ်ပြီး မီးပေါ့ဆသူ ဦးစံလွင်ကို သာရဝေါနယ်မြေရဲစခန်းက အမှုဖွင့်ပြီး ပုဒ်မ- ၂၈၅အရ အရေးယူရန် ဆက်လက်ဆောင်ရွက်နေပါတယ်။

သတင်း - ဝဏ္ဏထွန်း (လက်ပံတန်း)၊ ဓာတ်ပုံ - အောင်လှိုင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013