DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်လုံခြုံ​ရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ယူနီ​ဖောင်းများ ဝတ်​ဆင်​ခြင်းမပြုရန်​ မြင်းခြံမြို့တွင်​ အသိ​ပေးရှင်းလင်း
DVB
·
January 24, 2018
နိုင်ငံတော်လုံခြုံ​ရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ယူနီ​ဖောင်းများ ဝတ်​ဆင်​ခြင်းမပြုရန်​ မြင်းခြံမြို့တွင်​ အသိ​ပေးရှင်းလင်း
Donate to DVB

 

နိုင်​ငံ​တော်​လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ အသွန်​သဏ္ဌာန်​နဲ့ ယူနီ​ဖောင်းတွေ ဖန်​တီးဝတ်​ဆင်​တာတွေ မလုပ်ဖို့ အသိ​ပေး ရှင်းလင်းတဲ့ အခမ်းအနားကို ဇန်​နဝါရီ ၂၃ ရက်​က မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့ ခရိုင်​ရဲတပ်​ဖွဲ့ရုံးမှာ​ သက်​ဆိုင်​ရာ အဖွဲ့အစည်းတွေကို ဖိတ်​ကြားပြီး အသိ​ပေး ရှင်း​လင်းပွဲ ပြုလုပ်​ခဲ့ပါတယ်​။

မြင်းခြံခရိုင်​ ရဲတပ်​ဖွဲ့ ဒုရဲမှူးကြီး​ဌေးလွင်​က “ကျ​နော်​တို့ နိုင်​ငံ​တော်​မှာ လုံခြုံရေးဆိုင်​ရာ အဖွဲ့အစည်း​တွေရဲ့ အသွင်​သဏ္ဌာန်​ကိုယူပြီး​တော့ လုံခြုံရေး ချိုး​ဖောက်​မှု မဖြစ်​​စေဖို့အတွက်​ အထက်​က​နေ အဆင့်ဆင့် ချမှတ်​​ပေးလိုက်​တဲ့ လမ်းညွှန်​ချက်​၊ ညွှန်​ကြားချက်​​တွေကို သက်​ဆိုင်​ရာ အဖွဲ့အစည်း​တွေကို အကြမ်းဖျင်း ရှင်းလင်းပြတာပါ။ အဓိကေ​တာ့ နိုင်​ငံ​တော်​ရဲ့ လုံခြုံရေး အဖွဲ့အစည်းများရဲ့ အသွင်​သဏ္ဌာန် ​ယူနီ​ဖောင်းတွေကို ဖန်​တီးဝတ်​ဆင်​ခြင်း​ မပြုကြဖို့ပါပဲ။ ပြီး​တော့ ဝတ်​စားဆင်ယင်​မှု​တွေကို အသွန်​သဏ္ဌာန်​တူ ဝတ်​ဆင်​သွားမယ်​ဆိုရင်​ အ​ရေးယူ​ ဆောင်​ရွက်​သွားမှာ ဖြစ်​တယ်”​လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

အစည်းအဝေးကို တက်ရောက်လာတဲ့ မြင်းခြံမြို့ ကမ္ဘောဇာဘဏ် တာဝန်ရှိသူတဦးက “ခုလို အသိ​ပေးတာ ​ကောင်းပါတယ်​။ လုံခြုံရေးက အ​ရေးကြီးဆုံးအပိုင်းပဲ​လေ။ နိုင်​ငံ​တော်​လုံခြုံရေးနဲ့ပတ်​သတ်​ပြီး အဓိက ယူနီ​ဖောင်း​တွေ ​ရောယှက်​မှုမရှိ​အောင်​ အားလုံး ညှိနှိုင်းတဲ့သ​ဘောပါပဲ။ မြင်းခြံမြို့အ​နေနဲ့​ ပြောရရင်​ လုံခြုံရေးအပိုင်း​တွေမှာ တချို့နေရာ​တွေ လိုအပ်​​ချက်​​တွေ ရှိ​နေပါ​သေးတယ်​။ ညဥ့်နက်​ပိုင်း​တွေမှာ လူ​ကောင်းသူ​ကောင်း​တွေ သွားလာလို့ မ​ကောင်းတဲ့အပိုင်း​တွေ ​တွေ့​နေရပါတယ်​။ ဒါကလည်း အာဏာပိုင်​​တွေဘက်​က အစွမ်းကုန်​ ကြိုးစားသွားမယ်​ဆိုရင်​​တော့ အဆင်​​ပြေလိမ့်မယ် ​ထင်​ပါတယ်” ​လို့ ​ပြောပါတယ်​။

အသိ​ပေးရှင်းလင်းပွဲကို မြင်းခြံမြို့ရှိ ပုဂ္ဂလိကဘဏ်​တွေ၊ လူမှု​ရေးအသင်းအဖွဲ့တွေ၊ လူမှုကာကွယ်​​စောင့်ရှောက်​​ရေးအဖွဲ့တွေ၊ သက်​ဆိုင်​ရာ ဌာနဆိုင်​ရာ အဖွဲ့အစည်းတွေ၊ ဟို​တယ်​တွေ၊ ​မို​တယ်​တွေ၊ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးတွေ၊ စုစု​ပေါင်း လူဦး​ရေ ၆၀ ​ကျော်​ တက်​​ရောက်​ခဲ့ကြပါတယ်​။

သတင်း - ရီရီထွန်း (မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013