
မြန်မာနိုင်ငံမှာ ဆင်းရဲသား မိသားစုတွေက ပေါက်ဖွားလာတဲ့ ကလေးတွေဟာ လမ်းမပေါ်မှာ ပလတ်စတစ် လိုက်ကောက်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေကြရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သွေးလှူဒါန်းရေးအဖွဲ့ကတော့ မြန်မာပြည် အနာဂတ်အတွက် ရည်ရွယ်ပြီး အမှိုက်ကောက် ကလေးငယ်တွေအတွက် ကျန်းမာရေး၊ စာရိတ္တမြှင့်တင်ရေး သင်တန်းကျောင်းတခုကို ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ ဒီသင်တန်းနဲ့ ပတ်သက်ပြီး သင်တန်းကျောင်းရဲ့ တာဝန်ခံ ကိုညီညီကို ဆက်သွယ် မေးမြန်းထားပါတယ်။
Interview BG 06052012 by dvbradio











