DVB Logo
Home
မြန်မာသတင်း
လယ်ယာကဏ္ဍတိုးတက်အောင် ဦးစားပေးလုပ်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြော
DVB
·
January 24, 2018
လယ်ယာကဏ္ဍတိုးတက်အောင် ဦးစားပေးလုပ်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြော
Donate to DVB

 

လယ်သမားတွေအတွက် ချေးငွေထုတ်ပေးတာထက်စာရင် နည်းပညာကိုအဓိကထားပြီး လယ်ယာကဏ္ဍကို တိုးတက်အောင်ပထမဦးဆုံးလုပ်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အသစ် ဦးလှမိုးအောင်က ပြောပါတယ်။

ညောင်တုန်းမြို့ ညောင်ချောင်းသာရေဆိပ်ဖွင့်ပွဲ အခမ်းအနားကိုတက်ရောက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့တာပါ။

‘'လယ်သမားတွေကိုချေးငွေထုတ်ပေးရင် တိုးတက်မှုမရှိနိုင်ဘူး။ အဓိကက စိုက်ပျိုးရေး နည်းပညာကို လုပ်ပေးရမှာ ချေးငွေပေးရုံနဲ့ လယ်သမားတွေရဲ့ဘဝတိုးတက်မှာမဟုတ်ဘူး''လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

ညောင်ချောင်းသာဖွင့်ပွဲကို ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းကဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ်အသစ်အနေနဲ့ ပထမဦးဆုံးတက်ရောက်မိန့်ခွန်းပြောတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013