DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်များပြန်ပို့ရန် ရက်ရွှေ့ဆိုင်း
DVB
·
January 23, 2018
ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်များပြန်ပို့ရန် ရက်ရွှေ့ဆိုင်း
Donate to DVB

 

ဘင်္ဂလား​ဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးသွားတဲ့ ဒုက္ခသည်​​တွေကို မြန်​မာနိုင်ငံဘက်က ပြန်လက်​ခံဖို့ အဆင်​သင့် ဖြစ်​​နေ​ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်​ပြန်ပို့ဖို့ ရက်ရွှေ့ဆိုင်း လိုက်တယ်လို့  လူကယ်​ပြန်​ဌာနက ညွန်​ကြား​ရေးမှူးက ​ပြောပါတယ်​။

“ဟိုက်​ဘက်​​က ​ရွှေ့လိုက်​တာ။ ဒီဘက်​က​တော့ ​ရွှေ့မယ့်အ​ကြောင်း မ​ပြောဘူး။ လာရင်​​တော့ လက်​ခံသွားဖို့ ​ပြောတယ်​။ ဟိုဘက်​ပို့မယ့်စာရင်းက​တော့ မရ​သေးဘူး”လို့ လူကယ်​ပြန်​ဌာန ညွန်​ကြား​ရေးမှူး ​ဒေါက်​တာ​အောင်​သူရိန်​က ဒီဗွီဘီကို​ပြောပါတယ်​။

ဒုက္ခသည်​​တွေ ပြန်လည်လက်ခံရေးအတွက် စခန်းနှစ်ခုဖြစ်တဲ့တောင်ပြိုလက်ဝဲစခန်းနဲ့ ငါးခူရစခန်းတို့ကို ဒီက​နေ့ မနက်က စတင်ဖွင့်လှစ်လိုက်ပေမယ့် အခုအချိန်​ထိ တ​ယောက်​မှ လက်​ခံရရှိထားတာ မရှိသေးဘူးလို့လည်းဆိုပါတယ်​။

“ဒီ​နေ့တ​ယောက်​မှ မ​ရောက်​​သေးဘူးခင်​ဗျ။ ကျ​နော်​တို့ဘက်​လက်​ခံဖို့ အဆင့်သင့်ပါပဲ။ ဟိုဘက်​က​တော့ကျ​နော်​တို့ဘက်​ကို ဘာမှ အ​ကြောင်းပြန်​တာ မရှိ​သေးပါဘူး။ ဒီက​နေ့အချိန်​အထိ တ​ယောက်​မှ ​ရောက်​မလာ​သေးဘူး။ ည​နေပိုင်းအထိ​ပေါ့​နော်”လို့ ဒီဗွီဘီကို​ပြောပါတယ်​။

ဘင်္ဂလား​ဒေ့ရှ်နိုင်ငံဘက်ကတော့  ဒုက္ခသည်​​တွေ မြန်​မာပြည်​ဘက်​ကိုပြန်​ပို့ဖို့ အဆင်​သင့် မဖြစ်​ဘူးလို့ သတင်း​တွေထွက်​​ပေါ်​နေ​ပေမယ့် မြန်​မာဘက်​က​တော့ တရားဝင်​ အ​ကြောင်း​စာ မရရှိ​သေးတဲ့ အတွက်​ သ​ဘောတူ​ညီချက်​အရ ဆက်​လက်​​ဆောင်​ရွက်​သွားမယ်​လို့ ပြောထား ပါတယ်​။

ပြီးခဲ့တဲ့နှစ်သြဂုတ်လက ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။

နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဇန်န၀ါရီ ၂၃ ရက်မှာ  စတင်ဆောင်ရွက်ဖို့ ဇန်န၀ါရီ ၁၅ရက်က နေပြည်တော်မှာ နှစ်နိုင်ငံဆွေးနွေး သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013