DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက်များလွတ်မြောက်ရေး ရန်ကုန်မြို့တွင် လှုပ်ရှားမှုပြုလုပ်
DVB
·
January 23, 2018
ဖမ်းဆီးခံသတင်းထောက်များလွတ်မြောက်ရေး ရန်ကုန်မြို့တွင် လှုပ်ရှားမှုပြုလုပ်
1 / 5
Donate to DVB

 

သတင်းထောက်တွေ ဖမ်းဆီးထိန်းသိမ်း တရားစွဲခံနေရတာနဲ့ ပတ်သက်ပြီး မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဒီနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့မှာ ဒုတိယအကြိမ် ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ လူစည်ကားရာနေရာ နေရာတခုဖြစ်တဲ့ လှည်းတန်း မီးပွိုင့်အနီးမှာ ‘ပြည်သူလူထုရဲ့ သတင်းသိရှိပိုင်ခွင့် ဆုံးရှုံးနေမှုနဲ့ သတင်းမီဒီယာတွေ ဖိနှိပ်ခံနေရမှု’တွေကို ပြည်သူတွေထဲ အသိပေး လက်ကမ်းစာစောင်တွေ လိုက်လံဝေငှနေသလို သတင်းလွတ်လပ်ခွင့် စာတမ်းပါ စတေကာတွေ ဗီနိုင်းတွေကို အများပြည်သူသိရှိအောင်ဆောင်ရွက်နေပါတယ်။

မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီရဲ့ ဦးဆောင်သူ ဦးသာလွန်ဇောင်းထက်က “ကျနော်တို့ သတင်းသမားတွေ သတင်းလွတ်လပ်ခွင့် ဆုံးရှုံနေရတာတွေကို ပြည်သူတွေ သိအောင် လိုက်လံနှိုးဆော်နေတာ။ တိုင်းပြည်တစ်ပြည်မှာ သတင်းမီဒီယာသမားတွေကို မတရားတဲ့ ပုဒ်မတွေနဲ့ဖမ်းဆီးထောင်ချ အရေးယူနေမှုဟာ ပြည်သူတွေရဲ့သတင်းအချက်အလက် သိပိုင်ခွင့်တွေ ဆုံးရှုံးနေရတာကိုလည်း ဖော်ပြနေတာပါ။ သတင်းသမားတွေဟာ ဖိနှိပ်တရားစွဲဆို ခံနေရတာဟာ အခု အစိုးရလက်ထက်မှာ ပိုမို ဆိုးရွားနေတယ်ဆိုတာ လက်ရှိ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ကြည့်တာနဲ့ သိနိုင်ပါတယ်”လို့ ပြောပါတယ်။

မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီအနေနဲ့ ပထမအကြိမ် ကမ်ပိန်းကို ရိုက်တာ သတင်းသမားတွေ ရုံးထုတ်စစ်ဆေးချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူတွေထံ အသိပေးဆောင်ရွက်မှု ကမ်ပိန်းကတော့ အခုက ပထမဦးဆုံး အကြိမ် ပြုလုပ်တာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ = ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013