DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 23, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၅၁,၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အအသင်းမှာတော့ မတ်ပဲက အသစ်က ၁ အိတ်ကို ၄၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၂,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ငွေကျပ် ၃၅,၂၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ ပဲစင်းငုံနီ အသစ်က ၁ အိတ်ကို ၃၁,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၆,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးမှာ ပဲစင်းငုံနီ အသစ်က အဟောင်းထက် ဈေးမြင့်တက်နေပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၇၆.၈၀၀ ကျပ်ကနေ ငွေကျပ် ၈၅,၈၀၀ ပေါက်ဈေးရှိပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၈,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂,၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲတီစိမ်း
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၁ တင်းကို ၂၅,၆၅၀ ကျပ်ကနေ ငွေကျပ် ၂၉,၂၀၀ ပေါက်ဈေးရှိပြီး မုံရွာကုန်စည်ဒိုင်မှာတော့ ၁ တင်းကို ၂၄,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန် နဲ့ မုံရွာကုန်စည်ဒိုင် ၁ တင်းကို ၅,၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာမှာ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၈,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၁၀၂,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၆,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲကြီး
မန္တလေး ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၁၄၀,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ပဲကြီး အများဆုံးဝင်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၁၃၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲက မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်က တဖြည်းဖြည်း ဈေးကျဆင်းသွားပါတယ်။ လက်ရှိမှာက ပဲအဟောင်းထက် ပဲအသစ်တွေက ဈေးမြင့်တက်နေတာကိုလည်း တွေ့ရပါတယ်။

ပဲအသစ်တွေ ဈေးကွက်ထဲကို ဝင်လာတဲ့အတွက် ပဲအဟောင်းလက်ကျန်တွေကို အပြတ်ထုတ်ရောင်းနေတာ ဖြစ်လို့ ဈေးက ကျဆင်းသွားတာ ဖြစ်တယ်လို့လည်း ကုန်သည်တွေဆီကနေ သိရပါတယ်။

ဈေးကွက်အတွင်းမှာတော့ မတ်ပဲက ဝယ်လက်လာမှသာ အရောင်းအဝယ် ရှိနေတဲ့ အနေအထား ဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ကာလတူအခြေအနေမှာ မတ်ပဲက ၁ တင်းကို ၃၇,၀၀၀ ကျပ် ဈေးရရှိနေပေမယ့် ဒီနှစ်မှာတော့ ၁ တင်းကို ၁၇,၀၀၀ ကျပ်သာ ဈေးက ရရှိနေပါတယ်။

နောက်သီးနှံတခုကတော့ ပဲတီစိမ်း ဖြစ်ပါတယ်။ ပဲတီစိမ်းက ဒီတပတ်မှာ တရုတ် ဝယ်လက်တွေ များတဲ့အတွက် ဈေးက တက်လာပါတယ်။ နေ့စဉ် အိတ် ၇၀၀ လောက် ပုံမှန်ဝင်နေပြီး ပဲအရည်အသွေးအလိုက် ဈေးက အတက်အကျ အနည်းငယ်သာ ရှိပြီး ၁ တင်းကို ၂၀,၀၀၀ ကျပ်ကနေ ၂၉,၀၀၀ ကျပ်ဝန်းကျင် ဈေးရရှိပါတယ်။

ပြီးခဲ့တဲ့နှစ် အခြေအနေနဲ့ နှိုင်းယှဉ်ရင် ဈေးအပြောင်းအလဲက တခြားပဲတွေလောက် ပြောင်းလဲမှု မရှိပါဘူး။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013