DVB Logo
Home
မြန်မာသတင်း
အမျိုးသမီး ၁ ဦးကို ပါးနမ်းခဲ့သည့် ကျောင်းထိုင်ဘုန်းကြီး သာသနာညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်ခံရ
DVB
·
January 23, 2018
အမျိုးသမီး ၁ ဦးကို ပါးနမ်းခဲ့သည့် ကျောင်းထိုင်ဘုန်းကြီး သာသနာညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်ခံရ
Donate to DVB

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ကျီးရိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဘုန်းကြီးက ကျောင်းပေါ်မှာ အမျိုးသမီးတဦးရဲ့ ပါးကိုနမ်းခဲ့လို့ လူအများအကြားမှာ အရှက်ရစေတာကြောင့် မြို့နယ်သံဃနာယကအဖွဲ့ ခွင့်ပြုချက်နဲ့ ဇန်နဝါရီ ၂၂ ရက်က အမှုဖွင့်ထားတယ်လို့ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက“မြို့နယ်သံဃနာယကကို စာတင်ထားတာ။ အခုမှ စာပြန်ထွက်လာလို့ အမှုဖွင့်လိုက်တာပါ။ အမှုကိုတော့ ဥပဒေအကြံတောင်းတင်မယ်။ ဖမ်းဆီးစစ်ဆေးတာကိုတော့ အကြံတောင်းက ပြန်ကျလာမှ ဆက်လုပ်သွားမှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၁၇ ဒီဇင်ဘာ ၁၄ ရက်က ကလေးတွေ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးဖို့  အမျိုးသမီးသုံးဦးဟာ ကျီးရိုးဘုန်းတော်ကြီးကျောင်းကို သွားရောက်ခဲ့ရာမှာ ကျောင်းထိုင်ဘုန်းကြီး ဦးနန္ဒိယက အမျိုးသမီးတဦးကို အနားလာဖို့ ခေါ်တာကြောင့် သွားပြီး ဦးချကန်တော့ချိန်မှာ ကျောင်းထိုင်ဘုန်းကြီးဟာ အရက်မူးနေပြီး သူ့ပါးကို နမ်းခိုင်းခဲ့တာလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အမျိုးသမီးက မနမ်းတာကြောင့် ငါ နမ်းမယ်ဆိုပြီး အမျိုးသမီးကို ပွေ့ဖက်နမ်းခဲ့တာကြောင့် လူအများရှေ့မှာ အရှက်ရစေခဲ့တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေကို တိုင်ကြားခဲ့ရာမှာ အုပ်ချုပ်ရေးမှူးကတဆင့် မြို့နယ်သံဃနာယကအဖွဲ့ကို တင်ပြ တိုင်ကြားခဲ့တာလို့ဆိုပါတယ်။

ကျီးရိုးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဌေးက “ဖြစ်စဉ်ကတော့ မှန်ပါတယ်။ အရင်ကလည်း အရက်သောက်တာ ဘာညာရှိဖူးတယ်။ တိုင်တန်းလာတော့ ဘုန်းကြီးဖြစ်နေတဲ့ အတွက် သံဃနာယကကို တင်ပြတော့ အခု အရပ်ဘက်ကို လွှဲလိုက်ပြီလို့ ကြားတယ်”လို့  ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျီးရိုးဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦနန္ဒိယကို ရာဇသတ်ကြီးပုဒ်မ ၃၅၄/၂၉၅-က ကာယိနြေ္ဒပျက်စေမှု၊ သာသနာတော် ညှိုးနွမ်းစေမှုတို့နဲ့ ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းက အမှုဖွင့် ဆောင်ရွက်နေပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013