DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် အမှုတွင် ပါဝင်ပတ်သက်သည့် ရဲတပ်ဖွဲ့ဝင်၂ ဦးကို အရေးမယူသေး
DVB
·
January 23, 2018
ရိုက်တာသတင်းထောက် အမှုတွင် ပါဝင်ပတ်သက်သည့် ရဲတပ်ဖွဲ့ဝင်၂ ဦးကို အရေးမယူသေး
Donate to DVB

ရိုက်တာသတင်းဌာနက သတင်းထောက် နှစ်ဦးနဲ့အတူ ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို လက်ရှိအချိန်ထိ အရေးယူ ဆောင်ရွက်ထားခြင်း မသိရှိသေးဘူးလို့ တရားလိုဖြစ်သူ မြောက်ပိုင်းခရိုင် ဒုတိယရဲမှူးကြီး ယုနိုင်က တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၃ရက် မနက်ပိုင်းက အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားလိုဖြစ်သူ မြောက်ပိုင်းခရိုင် ဒုတိယရဲမှူးကို စတင်စစ်ဆေးခဲ့ပါတယ်။

ဒီတရားခွင်မှာ စွပ်စွဲခံထားရတဲ့ သတင်းထောက်တွေရဲ့ တရားလွှတ်တော်ရှေ့နေက  “ဒီဇင်ဘာ ၁၄ ရက်နေ့က နိုင်ငံပိုင် သတင်းစာမှာ တရားဝင် ထုတ်ပြန်ကြေညာထားတဲ့ ဖမ်းဆီးခံ သတင်းသမားတွေနဲ့အတူ ဒုရဲမှူး မိုးရန်နိုင်နဲ့ ရဲတပ်ကြပ် ခင်မောင်လင်းတို့ကို အရေးယူ ဆောင်ရွက်ထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ တရားလို ဖြစ်သူက သူ့အပိုင် မြောက်ပိုင်းခရိုင်အတွင်း လက်ရှိအချိန်ထိ အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို အရေးယူထားခြင်း မရှိသေးဘူး”လို့ ထွက်ဆိုခဲ့ပါတယ်။

ဒီနေ့ တတိယမြောက် ရုံးချိန်းမှာ စွပ်စွဲခံထားရတဲ့ သတင်းထောက် နှစ်ဦးကို အာမခံပေးမယ်၊ မပေးဘူး အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး သတင်းရယူဖို့ ကြိုးစားခဲ့တဲ့ ရိုက်တာ သတင်းဌာနက  သတင်းထောက်  ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)အရ ဖမ်ဆီး အရေးယူထားတာပါ။

ဒါ့အပြင် သတင်းအချက်အလက်တွေ ပေးရာမှာ ပါဝင်ပတ်သက်တဲ့ ဒုရဲမှူးမိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်း ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မအရရော ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေအရပါ ထိရောက်စွာ အရေးယူမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013