DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် လူထုကိုချပြရှင်းလင်း
DVB
·
January 23, 2018
မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် လူထုကိုချပြရှင်းလင်း
Donate to DVB

 

မြိတ်မြို့မှာ အနံ့ဆိုးထွက်နေတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတွေအနက် မင်းဇာနည်ကုမ္ပဏီက  ပြည်သူတွေကို ဇန်နဝါရီ ၂၂ ရက်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ချပြ ရှင်းလင်းခဲ့ပါတယ်။

မြိတ်၊ အင်းလေးမြိုင်စက်မှုဇုန်မှာ လုပ်ငန်းလည်ပတ်နေတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတွေဟာ အနံ့ဆိုး ထုတ်လွှတ်တာနဲ့ ရေဆိုးတွေကို ပင်လယ်ထဲ စွန့်ပစ်ခဲ့တာတွေကြောင့် လူနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုများစွာရှိနေတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ သဘောထားဆန္ဒအတိုင်း တိုင်းဒေသကြီးအစိုးရက ဝင်ရောက်စစ်ဆေးကာ စက်ရုံ ပိတ်သိမ်းတဲ့အထိ အရေးယူ ဆောင်ရွက်ခဲ့မှုတွေ ရှိခဲ့ပါတယ်။

အခုလက်ရှိ အနေအထားမှာ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP) ကို မင်းဇာနည်ကုမ္ပဏီက ပထမဆုံးအကြိမ် လူထုကို ချပြရှင်းလင်းလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မင်းဇာနည် ရေလုပ်ငန်းကုမ္ပဏီက အထွေထွေမန်နေဂျာ ဦးသန်းထူးမောင်က  “ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကြိုးစားအားထုတ်မှု၊ တိုင်းအစိုးရရဲ့ လမ်းညွန်ချက်တွေအရ လုပ်ခဲ့တာပါ။ ခေတ်အဆက်ဆက် ပြည်သူတွေရဲ့ ခံစားခဲ့ရတာတွေ ပပျောက်သွားစေဖို့ ရည်ရွယ်တာပါ။ ကျနော်တို့အနေနဲ့ ပွင့်လင်းမြင်သာစွာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ကို ချပြ ဆွေးနွေးတာပါ။ ဒီလိုမျိုး တခြားစက်ရုံတွေအနေနဲ့လည်း အတုယူ လုပ်ဆောင်စေချင်တယ်။ ကျနော်တို့ကို ပြည်သူတွေ၊ ဌာနဆိုင်ရာတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ကူညီပြီး အကြံဉာဏ်တွေ ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

ငါးအမှုန့်ကြိတ်စက်တွေကို ဝန်ကြီးချုပ်ကိုယ်တိုင် စစ်ဆေးအရေးယူခဲ့ပေမယ့် အနံ့ဆိုးတွေ ထွက်နေဆဲ ဖြစ်ပါတယ်။ အခုအခါ ပညာရှင်တွေကို ခေါ်ယူပြီး ရေနဲ့ လေထုကိုပါ တိုင်းတာစစ်ဆေးပြီး အနံ့ဆိုး လျော့ကျအောင် ဆောင်ရွက်ထားတယ်လို့ ဦးသန်းထူးမောင်က ပြောပါတယ်။

ပထမဆုံးအနေနဲ့ အနံ့ဆိုးထွက်နေတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတခုက ရှင်းလင်း တင်ပြလာတာကို ပြည်သူက ကြိုဆိုခဲ့ပြီး ဌာနဆိုင်ရာ၊ ဆရာဝန်တွေ၊ ဒေသခံတွေကိုလည်း စစ်ဆေးရေးအဖွဲ့တွေမှာ ထည့်သွင်းပေးထားဖို့ လိုတယ်လို့ ပြောပါတယ်။

စိမ်းလန်းမြန်မာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ဆောင်မှုကုမ္ပဏီမှ MD ဦးကျော်စိုးဝင်းက “လုပ်ငန်းတွေမှာ အနံ့ဆိုးတွေ ရှိကြတယ်။ ဒါကို လျော့ကျအောင် လုပ်လို့ရတယ်။ ဒီမှာက မိရိုးဖလာ ငါးလုပ်ငန်း လုပ်ကိုင်ကြတော့ အနံ့တွေထွက်နေတာ သိရတယ်။ စီမံခန့်ခွဲမှုအပိုင်း အားနည်းလို့လည်း ဖြစ်တယ်။ ဒါတွေက သိပ်ပြီးဆိုးရွားတဲ့ပုံစံ မတွေ့ရဘူး။ ကျနော်တို့ လျှော့ချလိုက်လို့ ရတယ်။ အနံ့ဆိုးတွေ လျော့ချအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေလည်း  တွေ့ရှိထားပါတယ်။” လို့ ပြောပါတယ်။

မြိတ်ခရိုင်အတွင်း ငါးအမှုန့်ကြိတ်စက်ရုံ ၅ ရုံရှိပြီး အနံ့ဆိုးတွေ ထွက်ရှိနေတာကြောင့် ဒေသခံတွေက ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ပြီး ကုမ္ပဏီတွေဘက်က လိုက်လျောမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013