DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါး နေ့ကလေးထိန်းကျောင်းများ ငွေကြေးအခက်အခဲကြုံတွေ့နေ
DVB
·
January 23, 2018
ကျောက်တံခါး နေ့ကလေးထိန်းကျောင်းများ ငွေကြေးအခက်အခဲကြုံတွေ့နေ
Donate to DVB

 

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့မှာ ဖွင့်လှစ်ထားတဲ့ ရှေးဦးကလေး သူငယ်ပြုစုရေး မိခင်ဝိုင်း နေ့ကလေးထိန်းကျောင်းတွေမှာ ငွေကြေးထောက်ပံ့မှုမရရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မိခင်ဝိုင်းနေ့ကလေးထိန်းကျောင်းကို လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည် ရောချထားရေးဝန်ကြီးဌာနက ညွှန်ကြားမှုနဲ့ ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ပဲနွယ်ကုန်းမြို့ သံမဏိရပ်ကွက်ရှိ မိခင်ဝိုင်း နေ့ကလေးထိန်းကျောင်း တာဝန်ခံ ဒေါ်အေးတင်ချိုက “လုပ်ငန်း စတင်လုပ်ဆောင်ချိန်မှာ ငွေကြေးထောက်ပံ့မှု မရရှိတာကြောင့် အခု ရက် ၂၀ ကျော်ကာလအထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မြို့ပေါ်နေ ပြည်သူတွေဆီက အလှူခံရငွေနဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းနေရပါတယ်။ လုပ်ငန်းကို အောင်မြင်စေချင်ရင်တော့ လုပ်ငန်းစတင်တာနဲ့ ငွေကြေးထောက်ပံ့မှုကို တပြိုင်တည်း လုပ်သင့်တယ်”လို့  ဒီဗွီဘီကို ပြောပါတယ်။

ကလေးမိခင်တဦးဖြစ်သူ ဒေါ်ဖြိုးဝေလှိုင်က “အခုလို နေ့ကလေးထိန်းကျောင်းတွေကို ဖွင့်လှစ်ပေးတာဟာ ကောင်းမွန်ပြီး ကလေးတွေ အနာဂတ်အတွက်လည်း အဆင်ပြေပါတယ်။ ကိုယ့်အိမ်မှာဆို ကလေးတွေဟာ အထီးကျန်မှုတွေရှိပြီး အခုလို ကျောင်းမျိုးတွေ ပေါ်ပေါက်လာတာကြောင့် ကလေးငယ်တွေမှာ အများနဲ့ နေထိုင်တတ်တဲ့ အမူအကျင့်တွေ ရပါတယ်။ ကလေးတွေကို အစာအာဟာရ ကျွေးမွေးရမှာလည်း စနစ်တကျ ကျွေးမွေးတာကြောင့် ကျေနပ်ပါတယ်” လို့  ပြောပါတယ်။

အဲဒီရှေးဦးကလေးသူငယ်ပြုစုရေး စီမံချက် အကောင်ထည်ဖော်နိုင်ဖို့ ဒီဇင်ဘာ ၂၆ ရက်က ကျောက်တံခါးမြို့နယ်မှာ မိခင် ၂၄ ဦးကို သင်တန်းတပတ်ကြာ သင်ကြားပေးခဲ့ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်မှာ ကျောက်တံခါးမြို့နယ်ထဲက မြို့ ၄ မြို့မှာ မိခင်ဝိုင်း ၅ ဝိုင်း စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ကလေးတဦးကို တနေ့ ၃၅၀ ကျပ်နဲ့ မိခင်ဝိုင်း တာဝန်ခံ တဦးကို တလ ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့မယ်လို့လည်း သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013