DVB Logo
Home
မြန်မာသတင်း
တရားစွဲခံထားရသည့် ကရင်နီ လူငယ်​ ၃ ဦးအမှု ပြန်​ရုပ်သိမ်း
DVB
·
January 23, 2018
တရားစွဲခံထားရသည့် ကရင်နီ လူငယ်​ ၃ ဦးအမှု ပြန်​ရုပ်သိမ်း
Donate to DVB

 

ကယားပြည်နယ်က တိုင်းရင်းသားလူငယ် ၃ ဦးကို  ငြိမ်းစုစီ ပုဒ်​မ၁၉နဲ့  တရားစွဲဆိုထားတဲ့အမှု လွိုင်​​ကော်​မြို့နယ်​ တရားသူကြီးက ဒီ​နေ့ ဒုတိယအကြိမ် ရုံးထုတ်မှာ အမှုကို ပြန်​လည်​ ရုတ်​သိမ်း​ပေးလိုက်ပါတယ်​။

တရားစွဲဆိုခံထားရတဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကယန်းမျိုးဆက်​သစ်​လူငယ်​ ဗဟို​ကော်​မတီဝင်​ ခွန်းအသန်းနဲ့ ကရင်​နီပြည်​​တောင်​သူ လယ်​သမား သမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်​တို့ ၃ ဦးရဲ့အမှုနဲ့ပတ်သက်ပြီး ကရင်​နီ အမျိုးသားတိုးတက်​​ရေးပါတီ (​ကေအန်​ပီပီ)က ကြားဝင်​​စေ့စပ်​ညှိနှိုင်း​ပေးခဲ့ တာ​ကြောင့် ခုလို အမှုပြန်ရုပ်သိမ်းပေးလိုက်တာပါ။

လူငယ်​ ၃ ဦးရဲ့ ဒီ​နေ့ တရားရုံးချိန်းကို မြန်​မာနိုင်ငံ​တဝန်းမှာရှိတဲ့ အရပ်​ဘက်​အဖွဲ့အစည်း ၂၀ က ကိုယ်​စားလှယ်​ ၆၅ ဦး​​လောက်​က လာ​ရောက်​ဝန်းရံခဲ့ကြပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်​နဝါရီ၁၂ ရက်​​နေ့က ​ထောင်​ဒဏ်​ ရက်​ ၂၀ ချမှတ်​ခံထားရတဲ့ လူငယ်​ ၅ ဦးလည်း ​ထောင်​ရက်​​စေ့လို့ ဇန်​နဝါရီ ၂၃ ရက်​မှာ ပြန်​လည်​လွတ်​​မြောက်​လာမယ်​လို့ သိရပါတယ်​။

ပြီးခဲ့တဲ့ဒီဇင်​ဘာလ ၂၀ ရက်​က ကေအန်​ပီပီရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦးကို ​ဒေသကွပ်​ကဲမှု စစ်​ဌာနချုပ်​ (ဒကစ) လွိုင်​​ကော်​ လက်​​အောက်​ခံတပ်​က ပစ်သတ်ခဲ့တာ​ကြောင့်​ ဒီကိစ္စအ​ပေါ် အမှန်​တရား​ပေါ်​ပေါက်​ဖို့ ဆန္ဒထုတ်​​ဖော်​​တောင်းဆိုခဲ့တဲ့ လူငယ်​ ၅ ဦးနဲ့ ဝန်းရံသူ လူငယ်​ ၃ ဦးတို့ ငြိမ်းစုစီ ဥပဒေနဲ့ ဖမ်းဆီးအ​ရေးယူခံခဲ့ရတာဖြစ်​ပါတယ်​။

ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013