DVB Logo
Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီနှင့် လားဟူလက်နက်ကိုင်အဖွဲ့တို့ အန်စီအေ လက်မှတ်ထိုးမည်ဟုကြေညာ
DVB
·
January 23, 2018
မွန်ပြည်သစ်ပါတီနှင့် လားဟူလက်နက်ကိုင်အဖွဲ့တို့ အန်စီအေ လက်မှတ်ထိုးမည်ဟုကြေညာ
1 / 3
Donate to DVB

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMPS) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ မကြာခင် ပါဝင်လက်မှတ်ရေးထိုးတော့မယ့်လို့ ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

နှစ်ဖွဲ့ပေါင်း ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး အန်စီအေလက်မှတ်ထိုးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“တနိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေ လက်မှတ်ရေးထိုးရေးကိစ္စနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးမှုများအရ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့အနေနဲ့ မကြာခင် အန်စီအေစာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးလာမှာ ဖြစ်တယ်”လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

NMPSဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ LDU ဥက္ကဋ္ဌ ကြာခွန်ဆာတို့ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ   ဇန်နဝါရီ ၂၃ ရက်မနက်က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ပါ သီးခြားစီတွေ့ဆုံပြီး  အန်စီအေ လက်မှတ်ရေးထိုးရေး ကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အခုလိုတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ဒီနှစ်ဖွဲ့က မနက်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တယ်။ အခု နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့တယ်။ တွေ့တဲ့အခါမှာ လက်မှတ်ထိုးမယ့် ကိစ္စရယ်။ လက်မှတ်ထိုးပြီးရင် ဆက်လုပ်ရမယ့် ကိစ္စတွေကို ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ နှစ်ဦး နှစ်ဖက် ကျေနပ်အားရမှု ရှိတယ်။ ခေါင်းဆောင်တွေကလည်း တွေ့ပြီးတာနဲ့ လက်မှတ်ထိုးဖို့ ဆိုတာကို သတင်းထုတ်ပြန်ချက် တခါတည်း ထုတ်ပြန်တဲ့သဘောပါ”လို့ ရှင်းပြပါတယ်။

အန်စီအေ သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ပါဝင် လက်မှတ်ရေးထိုးထားပြီးတော့ အခု ၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးမတိုင်ခင် မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ ထပ်မံပါဝင်လာဖို့ရှိနေတာဖြစ်ပါတယ်။

အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့အနေနဲ့ အန်စီအေကို ဘယ်အချိန်မှာ လက်မှတ်ရေးထိုးမယ်ဆိုတာကိုတော့ ရက်အတိအကျထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

အခုလကုန်ပိုင်းမှာကျင်းပဖို့ ကနဦး စီစဉ်ထားတဲ့ ၂၁ ရာစု ပင်လုံ တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအစည်းအဝေးကို ရှေ့လမှာ ပြုလုပ်ဖို့ ရက်ရွှေ့ဆိုင်းထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013