DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးစစ်ပွဲဟာ ရေရှည်ဆင်နွှဲရမည် စစ်ပွဲဖြစ်ဟု ဦးအောင်ကြည်ပြော
DVB
·
January 23, 2018
အဂတိလိုက်စားမှုတိုက်ဖျက်ရေးစစ်ပွဲဟာ ရေရှည်ဆင်နွှဲရမည် စစ်ပွဲဖြစ်ဟု ဦးအောင်ကြည်ပြော
Donate to DVB

 

မြန်မာနိုင်ငံမှာ ဆင်နွှဲရမယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးစစ်ပွဲဟာ ရေတိုတစ်ပွဲတိုး လုပ်လို့မရဘဲ  ရေရှည်စနစ်တကျနဲ့ ဘက်ပေါင်းစုံက နေပါဝင် ဆင်နွှဲရမယ့် စစ်ပွဲဖြစ်တယ်လို့  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၂၂ ရက်က် ရန်ကုန်မြို့ရှိ Park Royal Hotel မှာကျင်းပတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စာတမ်းဖတ်ကြားဆွေးနွေးပွဲမှာပြောကြားသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ အဂတိ လိုက်စားမှုမှန်သမျှကို အဖွဲ့အစည်း အသီးသီးက လုံးဝသည်းမခံ၊ ခွင့်မလွှတ်၊ လျစ်လျူ မရှုကြ ဖို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က တိုက်တွန်းနှိုးဆော်သွားပါတယ်။

“အဂတိလိုက်စားတယ်ဆိုတာ အလွန်ဆိုးရွားတဲ့ပြစ်မှုကို ကျူးလွန်တာပဲဖြစ်ပါတယ်။ ဒီပြစ်မှုကိုဘယ်လို အကြောင်းပြချက်နဲ့မှ သည်းမခံနိုင်ဘူး၊ ခွင့်မလွှတ်နိုင်ဘူး။ လျစ်လျူမရှုနိုင်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးကျွန်တော်တို့ အားလုံးဆီမှာ အစဉ်အမြဲရှိနေဖို့ လိုပါတယ်။”  

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနစ်ကအဖွဲ့ဝင်၁၅ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ ၂၀၁၇ခုနစ် နိုဝင်ဘာ ၂၃ရက်မှာတော့   အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်ခေါင်းဆောင်တဲ့ အဖွဲ့ဝင်၁၂ဦးနဲ့ နိုင်ငံတော်သမ္မတ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ကော်မရှင်ဖွဲ့စည်းပြီးနောက် အဂတိလိုက်စားမှုတွေနဲ့ပတ်သက်တဲ့ တိုင်ကြားမှု ယန္တရားကို ရှင်းလင်းလွယ်ကူ အောင်ဆောင်ရွက်ထားတဲ့အတွက် တိုင်ကြားမှုနဲ့ အရေးယူ ဆောင်ရွက်မှုတွေဟာ  အရင်နှစ်ကထက်  ထက်ငါးဆကျော် တိုးတက်လာခဲ့တယ်လို့ ကော်မရှင်ကပြောပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းမှာ၂၀၀၅ ခုနစ်က ၁၃၇နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ခုနစ်မှာ ၁၆၅နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ အဂတိလိုက်စားမှုအခြေအနေကို လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency Internation)ရဲ့ ညွန်းကိန်းအရ မြန်မာနိုင်ငံ ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆နိုင်ငံမှာ  အဆင့် ၁၃၆ နေရာမှာရပ်တည်နေပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး စာတမ်းဖတ်ပွဲကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး( UNODC )တို့ပူးပေါင်းပြီး ၂ရက်ကြာကျင်းပနေတာဖြစ်ပြီး ပညာရှင်တွေက စာတမ်းတွေအသီးသီးတင်သွင်း ဖတ်ကြားခဲ့ကြပါတယ်။

ဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013